ကြက်ဥဆင်းဒဝှစ်ချ် ပြုလုပ်နည်း (၃) မျိုးအနက် ပထမနည်းလမ်းက ရိုးရှင်းတဲ့အရသာ မြည်းစမ်းကြည့်ချင်သူများအတွက် အဆင်ပြေပြီး ချိစ်နဲ့ စတော်ဘယ်ရီအရသာ ပါဝင်တဲ့ ဆင်းဒဝှစ်ချ် စားချင်တယ်ဆိုရင်တော့ ဒုတိယနည်းလမ်းက ပိုအရသာရှိပါတယ်။ ဒါမှမဟုတ် ချိစ်နဲ့ ဝက်ပေါင်ခြောက်ညှပ်ထားတဲ့ ဆင်းဒဝှစ်ချ် စားချင်တယ်ဆိုရင်တော့ နောက်ဆုံးနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့်တစ်ချပ်လျှင် ထောပတ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစီ
  • ကြက်ဥ ၃ လုံး
  • ပေါင်မုန့် ၁ ချပ် (တစ်ဝက် လှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥများကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် မွှေခလောက်ထားပါ။

၂။ ဒယ်အိုးကို မီးအေးအေးဖြင့် အပူပေးပြီးနောက် ထောပတ်ထည့်ကာ အရည်ပျော်သွားသည်အထိစောင့်ပါ။

၃။ ဒယ်အိုးပူထဲသို့ ကြက်ဥ ထည့်ပြီး ကြော်ပါ။

၄။ ကြက်ဥ မကျက်သေးခင်မှာပဲ ပေါင်မုန့်ချပ်ကို ဟိုဘက်ဒီဘက် ထည့်နှစ်လိုက်ပါ။ ပေါင်မုန့်တစ်ခုနဲ့ တစ်ခုကြားကို တစ်လက်မစီ ခွာထားပါ။

ကြက်သွန်မြိတ် (သို့) မှို အသုံးပြုလိုပါက ကြက်ဥပေါ်တွင် ဖြူးထည့်နိုင်ပါတယ်။

၅။ ကြက်ဥ ကျက်သွားပြီဆိုရင်တော့ အခြားတစ်ဖက်သို့လှန်လိုက်ပါ။

၆။ ထို့နောက် ကြက်ဥအနားသားများကို လေးထောင့်ကျကျဖြစ်သွားအောင် ခေါက်ချိုးပေးလိုက်ပါ။

၇။ မိနစ် ၃၀၊ ၁ မိနစ်ခန့်ကြာတဲ့အခါ ကြက်ဥကို အလယ်တည့်တည့်ကနေ ထက်ဝက်ခေါက်လိုက်ပါ။

စာဖတ်သူတို့အနေနဲ့ ရိုးရှင်းတဲ့ ကြက်ဥ ဆင်းဒဝှစ်ချ်လုပ်စားချင်တယ်ဆိုရင်တော့ ထိုနည်းလမ်းက အဆင်ပြေပါတယ်။

အခြားအရသာများ ထပ်ထည့်ချင်တယ်ဆိုရင်တော့ နောက်ထပ်နည်းလမ်း (၂) မျိုးရှိပါသေးတယ်။

ကြက်ဥကို အလယ်တည့်တည့်က မခေါက်ချိုးခင်မှာ အမေရိကန်ချိစ်နဲ့ စတော်ဘယ်ရီယိုလေး သုတ်ပြီး အခုလိုပဲ လုပ်စားနိုင်ပါသေးတယ်။

နောက်ထပ်လိုက်ဖက်တဲ့အရသာတစ်မျိုးကတော့ Cheddar ချိစ်နဲ့ ဝက်ပေါင်ခြောက်ကြော်ပဲဖြစ်ပါတယ်။

မိမိကြိုက်နှစ်သက်ရာနည်းလမ်းကို ရွေးချယ်ပြုလုပ်ပြီး အရသာရှိတဲ့ ဆင်းဒဝှစ်ချ်ပေါင်မုန့် လုပ်စားနိုင်ပါတယ်။

Source: Seonkyounglongest.com