ကိုရီးယားအစားအစာတွေ ကြိုက်တဲ့သူမျိုးဆိုရင် ကိုရီးယားကင်မ်ချီထမင်းကြော်ကို ကြိုက်ကြမှာပါ။ ဒါကြောင့် အိမ်မှာလည်း လုပ်စားလို့ရအောင် အလုပ်မရှုပ်ပဲ လွယ်ကူစွာနဲ့ အရသာရှိအောင် ဘယ်လိုကြော်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ကင်မ်ချီကို ကိုယ်တိုင်လုပ်နေရင် အလုပ်ရှုပ်တဲ့အတွက် အပြင်ကနေ လုပ်ပြီးသာကို ဝယ်လိုက်ပါ။ ကင်မ်ချီကို လက်တစ်ဆုပ်စာလောက်ယူပြီး ပန်းကန်လုံးထဲကို အရည်ညှစ်ချပေးပါ။ ပြီးရင်တော့ ကင်မ်ချီအဖတ်တွေကို သေးသေးလေးတွေ လှီးလိုက်ပါ။

ကိုရီးယား တံစိပ် gochujang ဆော့စ် ရှိရင် အဲ့ဆော့စ်ကို city mart တွေမှာဝယ်ပါ။ တကယ်လို့မရှိရင်လည်း ကိုရီးယားဆော့စ် red chilli ဆော့စ်ဆိုလည်း ရပါတယ်။ အဲ့ဆော့စ်ကို စားပွဲတင်ဇွန်း ၁ ဇွန်း မောက်မောက်လေးယူပြီး ခုနက ကင်မ်ချီအရည်တွေ ညှစ်ချထားတဲ့ ပန်းကန်လုံးထဲထည့်မွှေပါ။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငံပြာရည် – လက်ဖက်ရည်ဇွန်း တစ်ဝက်၊ သကြား – လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ထည့်မွှေပါ။

ဝက်သားလွှာ – ၁၅၀ ဂရမ်ကို ပန်းကန်လုံးထဲထည့်ပါ။ ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲထည့်နယ်ပါ။

ပဲသီးကို ပန်းကန်လုံးအသေး တစ်လုံးစာရအောင် သေးသေးလေးတွေ လှီးထားပါ။

ထမင်းကို ပန်းကန်လုံးအကြီး တစ်လုံးစာယူထည့်ပါ။

ဒယ်အိုးထဲကို ဆီထည့်ပြီး လှီးထားတဲ့ ကင်မ်ချီတွေ ထည့်မွှေပါ။ ဝက်သားလွှာလည်း ထည့်ကြော်ပါ။ ဝက်သားလွှာက ကြီးနေရင် သေးသေးလေးဖြစ်အောင် လှီးလို့ရပါတယ်။ ပဲသီးလည်း ထည့်ကြော်ပါ။

ဝက်သားနူးပြီဆိုရင် ထမင်းထည့်ပါ။ ခုနက ကင်မ်ချီအရည်နဲ့ ဆော့စ်နဲ့ရောမွှေထားတာတွေကို ထည့်ပြီး သမအောင် မွှေကြော်ပါ။

ကြော်ပြီးရင်တော့ ကိုယ်စားမယ့် ပန်းကန်ထဲထည့်ပါ။ အပေါ်ကနေ နှမ်း နည်းနည်းဖြူးပေးပါ။ ပြီးရင် ကြက်ဥ တစ်လုံးကို ကြော်ပြီး ထမင်းပေါ်တင်ပါ။ ဒါဆိုရင်တော့ ကိုရီးယား ကင်မ်ချီထမင်းကြော်ကို လွယ်ကူစွာနဲ့ အရသာရှိအောင်ကြော်ပြီးသွားပါပြီ။

Photo Source: www.pailin’skitchen.com