[Unicode]

အားလုံးပဲမင်္ဂလာပါ။ထိုင်းနိုင်ငံကအစားအစာတွေမှာ နာမည်အကြီးဆုံးနဲ့ လူကြိုက်အများဆုံးအစားအစာတစ်ခုကိုပြောပါဆိုရင် Pad Thai လို့ခေါ်တဲ့ ယိုးဒယားဆန်ခေါက်ဆွဲကြော်က ထိပ်ဆုံးကပါဝင်ပါတယ်။ဒီလိုလူကြိုက်များရလောက်အောင် အရသာရှိလှတဲ့ Pad Thai ကို အိမ်မှာပဲကိုယ်တိုင်လွယ်လွယ်ကူကူလုပ်စားနိုင်မယ့် နည်းလမ်းလေး မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား ၃၀၀ ဂရမ်
  • ပုဇွန် ၁၀ ကောင်
  • ဆန်ခေါက်ဆွဲ ၁ စည်း
  • ပဲပင်ပေါက် ၆၀ ဂရမ်
  • ကြက်သွန်ဖြူ ၃ မွှာ
  • ငရုပ်သီးအမှည့် ၂ တောင့်
  • ဂျင်း ၁ တက်
  • ကြက်သွန်မြိတ် ၃ ချောင်း
  • သံပရာသီး ၁ လုံး
  • မြေပဲလှော် ၃ ဇွန်း
  • ကြက်ဥ ၁ လုံး
  • ပဲငံပြာရည် ၃ ဇွန်း
  • ရှာလကာရည် ၃ ဇွန်း
  • ငါးငံပြာရည် ၂ ဇွန်း
  • သကြားအညို ၃ ဇွန်း
  • ငရုပ်ကောင်း ဇွန်းတစ်ဝက်ခန့်
  • ဆားအနည်းငယ်
  • ရေ
  • ဟင်းသီးဟင်းရွှက်ဆီ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံးကြက်သားကို ရေဆေးသန့်စင်ပြီး အရိုးထုတ်ပါ။ ရလာတဲ့ကြက်ရိုးကို ဆားအနည်းငယ် ငရုပ်ကောင်းအနည်းငယ်ထည့်ပြီး ဒယ်အိုးတစ်ခုနဲ့ ပြုတ်ထားပေးပါ။ထို့နောက်ကျန် နေတဲ့အရိုးထုတ်ပြီးသား အသားတွေကို တစ်လက်မခန့် အတုံးလေးတွေတုံးပေးပါ။ရလာတဲ့ကြက်သားတုံးလေးတွေကို ပဲငံပြာရည်နဲ့ နယ်ပြီးနှပ်ထားပေးပါ။ ပုစွန်ကိုလည်း ခေါင်းဖြုတ် ကျောရိုးကအမဲကြောင်းလေးကိုထုတ်ပြီး ရေဆေးသန့်စင်ထားပါ။

(၂) ထို့နောက် Pad Thai ရဲ့ အဓိကအသက်ဖြစ်တဲ့ Pad Thai ဆောစ့်ပြုလုပ်ရန်ပြင်ဆင်ပေးရပါမယ်။အရင်ဆုံး ဇလုံတစ်ခုအတွင်း စောစောကပြုတ်ထားတဲ့ ကြက်ပြုတ်ရည် ၅ ဇွန်း ရှာလကာရည် ၃ ဇွန်း ငါးငံပြာရည် ၂ ဇွန်း သကြားအညို ၃ ဇွန်း ပဲငံပြာရည် ၁ ဇွန်း ငရုပ်ကောင်းဇွန်းတစ်ဝက်ခန့် သံပရာရည် ၂ ဇွန်း သို့မဟုတ် မကျည်းရည် ၂ ဇွန်းတို့ကို အချိုးကျရောထည့်ပြီးမွှေပေးပါ။

(၃) Pad Thai ဆော့စ်လဲအဆင်သင့်ဖြစ်ပြီဆိုရင်တော့ ခေါက်ဆွဲပြုတ်ရန် နောက်ထပ်ဒယ်အိုးတစ်ခုအတွင်းရေ ၂ ခွက်ခန့်ထည့်ပြီးတည်ထားပေးပါ။ရေနွေးဆူပွတ်လာတဲ့အခါ Pad Thai ဆန်ခေါက်ဆွဲ ၁ စည်းကိုထည့်ပြီး ၆ မိနစ်ခန့် ပြုတ်ထားပေးပါ။အချိန်စေ့ပြီး ခေါက်ဆွဲကျက်သွားပြီဆိုရင်တော့ ဇကာတစ်ခုထဲထည့်ကာ ရေအေးဖြင့်လောင်းပြီး အအေးခံထားပေးရပါမယ်။

(၄) ထို့နောက် ဒယ်အိုးတစ်ခုအတွင်း ဟင်းရွှက်ဆီ ၂ ဇွန်းခန့် ထည့်ပြီး ဓားပြားရိုက်ပြီး နုပ်နုပ်ဆင်းထားတဲ့ ကြက်သွန်ဖြူ နဲ့ဂျင်းကို ဆီသပ်ပေးရပါမယ်။ကြက်သွန်ဖြူ လေးတွေရွှေအိုရောင်ပြောင်းလာပြီဆိုရင်တော့ ပါးပါးလှီးထားတဲ့ငရုပ်သီးတောင့်လေး တွေကိုထည့်ကြော်ပေးပါ။ ၁ မိနစ်ခန့်ကြော်ပြီးပြီဆိုရင်တော့ ခုနက ပဲငံပြာရည်နဲ့ နှပ်ထားတဲ့ ကြက်သားကိုရောကြော်ပေးပါ။ ကြက်သားရဲ့အပေါ်ယံကြောလေးတွေ တင်းလာပြီဆိုရင်တော့ ပုဇွန်ကိုပါရောထည့်ပြီးကြော်ပေးရပါမယ်။

(၅) ဆက်လက်ပြီး ဒယ်အိုးအတွင်း ကြက်ဥတစ်လုံးဖောက်ထည့်ကာရောမွှေပြီးကြော်ပေးပါ။နောက်ဆုံးမှာတော့ရေစစ်ထားတဲ့ခေါက်ဆွဲပြားကိုရောထည့်ပြီး အသင့်ပြုလုပ်ထားတဲ့ Pad Thai ဆောစ့် ၃ ဇွန်းခန့်ထည့်ကာ ၃ မိနစ်ခန့် ခပ်ဖွဖွမွေပြီးကြော်ပေးရပါတယ်။ထို့နောက် ပဲပင်ပေါက်ရောထည့်ကာ Pad Thai ဆော့စ်နောက် ၂ ဇွန်းခန့်ထပ်ထည့်ပြီး ၃ မိနစ်ခန့်ထပ် ကြော်ပေးရပါမယ်။အချိန်စေ့ပြီဆိုရင်တော့ ကြက်သွန်မြိတ်လေး အုပ်ပြီး ကြိုက်နှစ်သက်ရာပန်းကန်တစ်ခုထဲသို့ထည့်ကာ ကြိတ်ထားတဲ့မြေပဲလှော် နံနံပင် သံပရာသီးတို့နဲ့အတူ အရသာရှိရှိ သုံးဆောင်လို့ရပြီပဲဖြစ်ပါတယ်။

Source : Thespruceeats

[Zawgyi]

အားလုံးပဲမဂၤလာပါ။ထိုင္းႏိုင္ငံကအစားအစာေတြမွာ နာမည္အႀကီးဆုံးနဲ႔ လူႀကိဳက္အမ်ားဆုံးအစားအစာတစ္ခုကိုေျပာပါဆိုရင္ Pad Thai လို႔ေခၚတဲ့ ယိုးဒယားဆန္ေခါက္ဆြဲေၾကာ္က ထိပ္ဆုံးကပါဝင္ပါတယ္။ဒီလိုလူႀကိဳက္မ်ားရေလာက္ေအာင္ အရသာရွိလွတဲ့ Pad Thai ကို အိမ္မွာပဲကိုယ္တိုင္လြယ္လြယ္ကူကူလုပ္စားႏိုင္မယ့္ နည္းလမ္းေလး မွ်ေဝေပးခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • ၾကက္ရင္ပုံသား ၃၀၀ ဂရမ္
  • ပုဇြန္ ၁၀ ေကာင္
  • ဆန္ေခါက္ဆြဲ ၁ စည္း
  • ပဲပင္ေပါက္ ၆၀ ဂရမ္
  • ၾကက္သြန္ျဖဴ ၃ မႊာ
  • င႐ုပ္သီးအမွည့္ ၂ ေတာင့္
  • ဂ်င္း ၁ တက္
  • ၾကက္သြန္ၿမိတ္ ၃ ေခ်ာင္း
  • သံပရာသီး ၁ လုံး
  • ေျမပဲေလွာ္ ၃ ဇြန္း
  • ၾကက္ဥ ၁ လုံး
  • ပဲငံျပာရည္ ၃ ဇြန္း
  • ရွာလကာရည္ ၃ ဇြန္း
  • ငါးငံျပာရည္ ၂ ဇြန္း
  • သၾကားအညိဳ ၃ ဇြန္း
  • င႐ုပ္ေကာင္း ဇြန္းတစ္ဝက္ခန႔္
  • ဆားအနည္းငယ္
  • ေရ
  • ဟင္းသီးဟင္း႐ႊက္ဆီ

ျပဳလုပ္နည္းအဆင့္ဆင့္

(၁) အရင္ဆုံးၾကက္သားကို ေရေဆးသန႔္စင္ၿပီး အ႐ိုးထုတ္ပါ။ ရလာတဲ့ၾကက္႐ိုးကို ဆားအနည္းငယ္ င႐ုပ္ေကာင္းအနည္းငယ္ထည့္ၿပီး ဒယ္အိုးတစ္ခုနဲ႔ ျပဳတ္ထားေပးပါ။ထို႔ေနာက္က်န္ ေနတဲ့အ႐ိုးထုတ္ၿပီးသား အသားေတြကို တစ္လက္မခန႔္ အတုံးေလးေတြတုံးေပးပါ။ရလာတဲ့ၾကက္သားတုံးေလးေတြကို ပဲငံျပာရည္နဲ႔ နယ္ၿပီးႏွပ္ထားေပးပါ။ ပုစြန္ကိုလည္း ေခါင္းျဖဳတ္ ေက်ာ႐ိုးကအမဲေၾကာင္းေလးကိုထုတ္ၿပီး ေရေဆးသန႔္စင္ထားပါ။

(၂) ထို႔ေနာက္ Pad Thai ရဲ႕ အဓိကအသက္ျဖစ္တဲ့ Pad Thai ေဆာစ့္ျပဳလုပ္ရန္ျပင္ဆင္ေပးရပါမယ္။အရင္ဆုံး ဇလုံတစ္ခုအတြင္း ေစာေစာကျပဳတ္ထားတဲ့ ၾကက္ျပဳတ္ရည္ ၅ ဇြန္း ရွာလကာရည္ ၃ ဇြန္း ငါးငံျပာရည္ ၂ ဇြန္း သၾကားအညိဳ ၃ ဇြန္း ပဲငံျပာရည္ ၁ ဇြန္း င႐ုပ္ေကာင္းဇြန္းတစ္ဝက္ခန႔္ သံပရာရည္ ၂ ဇြန္း သို႔မဟုတ္ မက်ည္းရည္ ၂ ဇြန္းတို႔ကို အခ်ိဳးက်ေရာထည့္ၿပီးေမႊေပးပါ။

(၃) Pad Thai ေဆာ့စ္လဲအဆင္သင့္ျဖစ္ၿပီဆိုရင္ေတာ့ ေခါက္ဆြဲျပဳတ္ရန္ ေနာက္ထပ္ဒယ္အိုးတစ္ခုအတြင္းေရ ၂ ခြက္ခန႔္ထည့္ၿပီးတည္ထားေပးပါ။ေရေႏြးဆူပြတ္လာတဲ့အခါ Pad Thai ဆန္ေခါက္ဆြဲ ၁ စည္းကိုထည့္ၿပီး ၆ မိနစ္ခန႔္ ျပဳတ္ထားေပးပါ။အခ်ိန္ေစ့ၿပီး ေခါက္ဆြဲက်က္သြားၿပီဆိုရင္ေတာ့ ဇကာတစ္ခုထဲထည့္ကာ ေရေအးျဖင့္ေလာင္းၿပီး အေအးခံထားေပးရပါမယ္။

(၄) ထို႔ေနာက္ ဒယ္အိုးတစ္ခုအတြင္း ဟင္း႐ႊက္ဆီ ၂ ဇြန္းခန႔္ ထည့္ၿပီး ဓားျပား႐ိုက္ၿပီး ႏုပ္ႏုပ္ဆင္းထားတဲ့ ၾကက္သြန္ျဖဴ နဲ႔ဂ်င္းကို ဆီသပ္ေပးရပါမယ္။ၾကက္သြန္ျဖဴ ေလးေတြေ႐ႊအိုေရာင္ေျပာင္းလာၿပီဆိုရင္ေတာ့ ပါးပါးလွီးထားတဲ့င႐ုပ္သီးေတာင့္ေလး ေတြကိုထည့္ေၾကာ္ေပးပါ။ ၁ မိနစ္ခန႔္ေၾကာ္ၿပီးၿပီဆိုရင္ေတာ့ ခုနက ပဲငံျပာရည္နဲ႔ ႏွပ္ထားတဲ့ ၾကက္သားကိုေရာေၾကာ္ေပးပါ။ ၾကက္သားရဲ႕အေပၚယံေၾကာေလးေတြ တင္းလာၿပီဆိုရင္ေတာ့ ပုဇြန္ကိုပါေရာထည့္ၿပီးေၾကာ္ေပးရပါမယ္။

(၅) ဆက္လက္ၿပီး ဒယ္အိုးအတြင္း ၾကက္ဥတစ္လုံးေဖာက္ထည့္ကာေရာေမႊၿပီးေၾကာ္ေပးပါ။ေနာက္ဆုံးမွာေတာ့ေရစစ္ထားတဲ့ေခါက္ဆြဲျပားကိုေရာထည့္ၿပီး အသင့္ျပဳလုပ္ထားတဲ့ Pad Thai ေဆာစ့္ ၃ ဇြန္းခန႔္ထည့္ကာ ၃ မိနစ္ခန႔္ ခပ္ဖြဖြေမြၿပီးေၾကာ္ေပးရပါတယ္။ထို႔ေနာက္ ပဲပင္ေပါက္ေရာထည့္ကာ Pad Thai ေဆာ့စ္ေနာက္ ၂ ဇြန္းခန႔္ထပ္ထည့္ၿပီး ၃ မိနစ္ခန႔္ထပ္ ေၾကာ္ေပးရပါမယ္။အခ်ိန္ေစ့ၿပီဆိုရင္ေတာ့ ၾကက္သြန္ၿမိတ္ေလး အုပ္ၿပီး ႀကိဳက္ႏွစ္သက္ရာပန္းကန္တစ္ခုထဲသို႔ထည့္ကာ ႀကိတ္ထားတဲ့ေျမပဲေလွာ္ နံနံပင္ သံပရာသီးတို႔နဲ႔အတူ အရသာရွိရွိ သုံးေဆာင္လို႔ရၿပီပဲျဖစ္ပါတယ္။

Source : Thespruceeats