မနက်စာအတွက် လွယ်ကူတဲ့ ကြက်ဥ Sandwich လုပ်စားရအောင်။ ကျန်းမာရေးနဲ့လည်းညီ၊ အရသာလည်းအရမ်းရှိဆိုတော့ ကလေးလူကြီးမရွေး အထူးနှစ်သက်မယ့် မနက်စာလေးတစ်ခုပါပဲ။
ပါဝင်ပစ္စည်းများ
- ပေါင်မုန့် – ၂ချပ်၊ ကြက်ဥ – ၁လုံး
- မိရောနိစ် (Mayonnaise)
- ခရမ်းချဉ်သီး – ၁လုံး၊ ဆလပ်ရွက်
- ငရုတ်ကောင်းမှုန့်၊ Cheese
- သခွားသီး၊ ကြက်သွန်နီ
ပြင်ဆင်ပြုလုပ်နည်း
အရင်ဆုံး ကြက်ဥကို ကျက်အောင် ပြုတ်ပေးပါ။ ခရမ်းချဉ်သီး အတုံးသေးသေးတွေ ရအောင် လှီးထားပါ။
ပြီးပြီဆိုရင် ကြက်ဥကို အခွံခွာပြီး ပန်းကန်ထဲမှာ ဇွန်းနဲ့ ခြေပေးပါ။ မိရောနိစ်တစ်ဇွန်း ထည့်ပါ။ ငရုတ်ကောင်းမှုန့် နည်းနည်းလေး ဖြူးပါ။ လှီးထားတဲ့ ခရမ်းချဉ်သီး ထည့်ပြီး မွှေပေးပါ။ ပြီးရင် ပေါင်မုန့်ချပ်ပေါ်မှာ တင်ပေးပြီး အလယ်ကနေ ဆလပ်ရွက်ကိုထည့် ပေါင်မုန့်နှစ်ခုကို ကပ်လိုက်တဲ့အခါ အရသာစိမ့်စိမ့်လေးနဲ့ စားလို့ကောင်းတဲ့ Sandwich ရပါပြီ။
Cheese ကြိုက်နှစ်သက်လျှင် ထည့်၍ စားသုံးနိုင်ပါသည်။
Credit: ဆန်ဂိုဟင်းလျာများ-Sango’s Curries