ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆေးဘဲဥအရသာကို သဘောတွေ့သူများအနေနဲ့ ချဉ်ငံစပ်အရသာနဲ့ ဖီတန်သုပ်လေး သုပ်စားကြည့်ရအောင်။

ပါဝင်ပစ္စည်း

  • ဆေးဘဲဥ
  • ကြက်သွန်နီ( မထူမပါးလှီးထားပါ)
  • ခရမ်းချဉ်သီး (မထူမပါးလှီးထားပါ)
  • ငရုတ်သီးစိမ်း (ပါးပါးလှီးထားပါ.)
  • ကြက်သွန်ဖြူ (ဆီချက်ချက်ထားပါ)
  • မြေပဲ လှော် (မညှက်အောင်ထောင်းထားပါ)
  • နံနံပင်
  • သံပုရာသီး
  • ပုဇွန်ငံပြာရည်
  • ငရုတ်သီးမှုန့်
  • အချိုမှုန့်

ပြုလုပ်ပုံ

ဆေးဘဲဥ ကိုအခွံခွာ ရေဆးပြီး မထူမပါးလှီးပြီး ပါဝင်ပစ္စည်း အားလုံး (၁ မှ ၁၁ အထိ) ထည့်နယ်ပါ။

အရသာ စိတ်ကြိုက်ထည့်ပါ။

နှမ်းလှော် ရှိရင်လည်ြး ဖူးပြီး သုံးဆောင်နိုင်ပါသည်။

Credit: Yadana Cooking