ပါဝင်ပစ္စည်းများ
- ကြက်ဥ
- ဥနီ
- ပဲတောင့်ရှည်
- ငရုတ်စိမ်း
- ဆား
- ဟင်းခတ်မှုန့်
- သကြား
- ဆီ
ပြင်ဆင်ပြုလုပ်နည်း
- ကြက်ဥကို နာနာ ခလောက်ထားပါ ။ ( မိမိစားမည့် လူဦးရေပေါ် မူတည်ပြီး ကြက်ဥထည့်ပါ ။) ဥနီကို ခြစ်နဲ့ ခြစ်ထားပါ ။ ပဲတောင့်ရှည် ပါးပါးညှပ်ထားပါ ။ ငရုတ်စိမ်း ပါးပါး ညှပ်ထားပါ ။ ဆား လက်ဖက်ရည် ဇွန်းဝက် ၊ ဟင်းခတ်မှုန့် လက်ဖက်ရည် ဇွန်း ၃ပုံ၁ပုံ ၊ သကြား လက်ဖက်ရည် ၁ ဇွန်း အားလုံးကို ကြက်ဥနဲ့ ရောပြီး နာနာခလောက်ပါ ။
- မကပ်တဲ့ ဒယ်မှာ ဆီနည်းနည်းထည့် အပူပေး ဆီဆူလာရင် မီးလျော့ပြီး ကြက်ဥရည် ဟင်းချိုဇွန်း ၁ ဇွန်းစာ ခပ်ထည့် ၊ ဒယ်အနှံ့ ပြန့်သွားအောင် ဒယ်အိုးကို အသာလှည့်ပေးပါ ။
- အောက်ဖက်တင်းပြီး အပေါ်ယံ စတင်းစပြုချိန်မှာ အစွန်းတစ်ဖက်ကနေ ယောင်းမ ပါးပါးနှင့် အခြားဖက်ကို လိပ်သွားပြီး တဖက်မှာ အသာကပ်ထားပါ ။ ဆီနည်းရင် အနည်းငယ်ထပ်ထည့်ပါ ။
- ကြက်ဥရည် ၁ဇွန်း ထပ်ထည့်၊ ခုနလိုပဲ ပြန့်အောင်အသာ ဒယ်အိုး ကို လှည့်ပြီး ဖြန့်ပေးပါ ။ အောက်ဖက်တင်းပြီး အပေါ်စ တင်းရင် ပထမ အလိပ်ကနေ စပြီး အခြားဖက်ကို လိပ်သွား ၊ နောက်တဖက်မှာ ပြန်ကပ်ထား ပြီးရင် ကြက်ဥရည် ထပ်ထည့် အဲ့လိုနဲ့ကြော်သွားပါ ။ အပေါ်ယံ မျက်နှာပြင် မခြောက်ခင်မှာ လိပ်ပါ ။ ဒါမှ ကြက်ဥလိပ်က ကပ်နေမှာပါ ။
- အလိပ်ရရင် မျက်နှာပြင် ၄ဖက်လုံး အရောင်လှပြီး ကျစ်လစ်စေရန် ဒယ်ထဲ ခဏ ဆက်ထားပြီး ယောင်းမဖြင့် ဖိပြီး အရောင်ရအောင် တဖက်စီ လှည့်ကြော်ပေးပါ ။ ရရင် အအေးခံပြီး လက် တလုံးစာ အထူလှီးပါ ။ ကြိုက်နှစ်သက်ရာ အချဉ်နဲ့ စားလို့ရပါတယ် ။
Credit: Su Myat Htwe Aung