ပါဝင်ပစ္စည်းများ
- ငါး
 - ဂွေးသီး ၅ လုံး
 - ငပိရည်ကျို ၁ ဇွန်း (ထမင်းစားဇွန်း)
 - ခရမ်းချဉ်သီး ၂ လုံး
 - ကြက်သွန်ဖြူ ၃ မွှာ
 - ကြက်သွန်နီ အကြီး ၁ လုံး
 - ငရုတ်အခြောက်တောင့် ၅ တောင့်
 - ဆီ ၂ ဇွန်း (ထမင်းစားဇွန်း)
 - ဆား အနည်းငယ်
 - ဆနွင်း အနည်းငယ်
 - အချိုမှုန့် နည်းနည်းလေး
 - ငြုပ်သီးစိမ်း ၅ တောင့်
 - ဗမာနံနံ
 
ပြုလုပ်နည်း
- ငါးတွေ သန့်စင်ပြီး ဆား ၊ ဆနွင်း ၊ အချိုမှုန့်နယ် ထားပါ။ 
 - ဂွေးသီးများကို အရှည်လိုက် လှီးပြီး ဆားရေစိမ် ထားပါ။ ငရုတ်အခြောက်တောင့်များကို ကပ်ကြေးဖြင့် ညှပ်ပြီး ရေစိမ်ထားပါ။
 - ကြက်သွန်ဖြူ ၊ ကြက်သွန်နီ နှင့် ခရမ်းချဉ်သီး ဆီသက်ပါ။
 - ပြီးလျင် ငရုတ်သိးအခြောက်တောင့် ၊ ငပိရည် နှင့် လှီးထာသော ဂွေးသီးကို ထည့်ပါ။ ရေနွေး အနည်းငယ် ထည့်ပါ။ ပြီးလျင် ငါးများကို ထည့်ပါ။
 - ခဏ အုပ်ထားပြီးလျင် ငါးကျက်တော့ ငြုပ်သီးစိမ်း ၊ ဗမာနံနံ အုပ်ပြီး အပေါ့အငံ မြည်းပြီး သုးံဆောင် နိုင်ပါသည်။
 
MyFood Myanmar