ပါဝင်ပစ္စည်း
- ငါးကြင်းဖြူခေါင်း
- ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဂျင်း
- စပါးလင် ( ထောင်းထားပါ)
- ဆနွင်း
- Dashiမှုန့်
- ဆီနှင့် ဆားအနည်းငယ်
- ငံပြာရည်
- ငရုတ်သီးစိမ်း၊ ငရုတ်နှစ်နှင့် င၇ုတ်ကောင်းမှုန့်
- နံနံပင်
ပြုလုပ်နည်း
၁။ ငါးခေါင်းကို ဆား၊ Dashi မှုန့် ငံပြာရည်၊ ဆနွင်းဂျင်ရည် ညှစ်ပြီး နယ်နှပ် ထားပါ
၂။ ပြီးလျှင် ဒယ်အိုးထဲကို ဆီထည့်ပါ။
၃။ ဆီပူလာလျှင် ဂျင်း၊ စပါးလင် အနည်းငယ်ထည့်ပါ။
၎။ ပြီးလျှင် ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ၊ဂျင်း၊ စပါးလင် ထောင်းတာထည့်ပါ။
၅။ ဆနွင်း အနည်းငယ်ငရုတ်နှစ် ထည့် ဆီသတ်ပါ။
၆။ ငါးခေါင်း ထည့်ပြီး လုံးပါ။
၇။ ရေထည့်ပြီး ပွက်လာလျှင် အရသာ စိတ်ကြိုက်ပြင်ဆင်ပါ။
၈။ ငါးခေါင်းကျက်လျှင် ငရုတ်ကောင်းမှုန့်ဖြူးပါ။
၉။ ငရုတ်သီးစိမ်းထည့်၊ နံနံပင် အုပ်ရ်ျ သုံးဆောင်နိုင်ပါသည်။
Credit: Yadana Cooking