ပါဝင်ပစ္စည်းများ
- ငါးခေါင်းအကြီး – ၁ လုံး
- ကြက်သွန်နီ – ၂ လုံး နှင့်ကြက်သွန်ဖြူ – ၈ လုံး
- ဂျင်း – လက်တစ်ဆစ်ခန့် နှင့်စပါးလင် – ၂ ချောင်း
- ပျင်းတော်သိမ့်အရွက် – အနည်းငယ်
- နနွင်းမှုန့်  – ဇွန်းဝက် (လဖက်ရည်ဇွန်း)
- စမုန်စပါး ၊ ဇီယာ – ၁ ဇွန်း (စားပွဲတင်ဇွန်း)
- ဆား – ဇွန်းဝက် (လက်ဖက်ရည်ဇွန်း)
- မကျည်းရည်အနှစ် – ၃ ဇွန်း (စားပွဲတင်ဇွန်း)
- အုန်းနို့ – အနည်းငယ် နှင့်သကြား – အနည်းငယ်
- ခရမ်းသီး၊ ရုံးပတေသီး၊ ငရုပ်သီးစိမ်း၊ ဟင်းခတ်မှုန့်
ပြင်ဆင်ပြုလုပ်နည်း
ပထမဦးစွာ ငါးခေါင်းကို ဆားအနည်းငယ်နှင့် သံပုရာရည်အနည်းငယ် ညှစ်၍ ပွတ်တိုက်ပြီး သန့်စင်အောင်ဆေးပါ။
ပါဝင်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တစ်ဝက်ကို ပါးပါးလှီးပြီး တစ်ဝက်ကိုကြိတ်စက်ထဲထည့်ကာ ဂျင်းလက်တစ်ဆစ်ခန့်ပါ ရောထည့်ပြီး အနှစ်ရအောင် ကြိတ်ထားပါ။ Curry အမှုန့် (Malabars Curry Powder) ၃ဇွန်း၊ Baba Curry Powder ၃ဇွန်း၊ ငရုပ်သီးအရောင်တင်မှုန့် ၁ဇွန်း အားလုံး စားပွဲတင်ဇွန်းတွေပါ။) ရောထည့်ပြီး ရေအနည်းငယ်ထည့်ကာ ပျစ်ပျစ်ဖျော်ထားပါ။
ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဖြူထည့်ပါ။ ပျင်းတော်သိမ့်အရွက်ချွေထည့်ပါ။ စပါးလင်ထည့်ပြီး ဆီသတ်ပါ။
ထို့နောက် နနွင်းမှုန့် ထည့်ပါ။ စမုန်စပါး ၊ ဇီယာ အမှုန့် ထည့်ပါ။ အနံ့မွှေးလာပါက အသင့်ရေဖြင့်ပျစ်ပျစ်လေးဖျော်ထားသော Curry Paste ထည့်ပြီးမွှေပေးကာ ရေအနည်းငယ်ထည့်ပါ။ ပြီးနောက် ဆား၊ မကျည်းသီးအနှစ်ထည့်ပါ။ သကြားအနည်းငယ် ထည့်ပါ။ အုန်းနို့အနည်းငယ်ထည့်ပြီး ရေများများထည့်ကာ ပွက်လာအောင်တည်ပါ။
ရေပွက်လာပါက အသင့်လှီးထားသော ခရမ်းသီး၊ ရုံးပသေီးတေသီး၊ ငရုပ်သီးစိမ်းထည့်ကာ ရေစင်အောင်ဆေးထားသည့် ငါးခေါင်းအားထည့်ကာ ၁၅ မိနစ်ခန့် မီးအေးအေးဖြင့် တည်ထားပါ။
ထို့နောက် ခရမ်းချဉ်သီး လေးစိပ်ခွဲထည့်၊ အပေါ်တွင် တရုတ်နံနံပါးပါးလှီးထည့်ပြီးအုပ်ကာ အသင့်စားသုံးနိုင်ပါသည်။ အလွန်အရသာရှိကာ ဈေးကြီးပေး၍စားရသော ငါးခေါင်းဟင်းဖြစ်ပါသည်။
Credit: ဇွဲသုသု