ငါးပိရည်ကြိုပါမှ ထမင်းမြိန်တယ်ဆိုသူတွေအတွက် စားလို့ကောင်းမယ် ငါးပိရည်ကြိုနည်းလေးတစ်ခုပါ။
ပါဝင်သောပစ္စည်းများ
- ရေကြိုငါးပိ ပုဇွန်အစို
- ပုဇွန်အစို
- ကုလားအော်သီး
- ကြက်သွန်ဖြူ
- နနွင်းမှုန့်
- တို့စရာ – ဟင်းသီးဟင်းရွက်အစုံ
ပြုလုပ်နည်း
ရေကြိုငါးပိကို နနွင်းမှုန့်နှင့် ရေထည့်ပြီး ကျအောင် ကြိုပြီး အနည်စစ်၍ အအေးခံပါ။
ပုဇွန်အစို၊ ကြက်သွန်ဖြူ ၊ ကုလားအော်သီးတို့ကို လှော်ပြီး မညက်တညက် ထားင်းပြီးထည့်ပါ။
အရသာလေး မြည်းကာ မိမိနှစ်သက်ရာ မည်သည့် ဟင်းသီးဟင်းရွက်နှင့်မဆို သုံးဆောင်လို့ ရပါပြီ။
Credit: Pan Pan