အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ချဉ်ချဉ်စပ်စပ်လေးပါမှ ထမင်းစားလို့ မြိန်တယ်ဆိုသူတွေအတွက် အရသာရှိတဲ့ ချက်နည်းလေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ နာနာတ်သီးကိုမှ ငပိထည့်ကြော်ထားတော့ စားရတာတမျိုးလေးဆန်းသစ်နေမှာပါနော်။

ပါဝင်ပစ္စည်းများ

  • ဆီ – ၁/၄ ခွက် (၆၀ ml)
  • ပါးပါးသေးသေး လှီးထားသော ကြက်သွန်နီ – ၁ ခွက် (၂၅၀ ml) ခန့်
  • စိမ်းစားငပိ – ၁ ဇွန်းခန့် (ထမင်းစားဇွန်း)
  • အရောင်တင်မှုန့် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • အခွံခွါ အူတိုင်ဖြုတ်ပြီး ပါးပါးသေးသေး လှီးထားသော နာနတ်သီး အချဉ် – ၃ ခွက် (၇၅၀ ml) ခန့်
  • ထောင်း (သို့) ကြိတ်ထားသော ပုဇွန်ခြောက် – ၅ ဇွန်းခန့် (ထမင်းစားဇွန်း)
  • လှီးထားသော ငရုတ်သီးစိမ်း – ၁ ဇွန်းခန့် (ထမင်းစားဇွန်း)
  • လက်တစ်ဆစ် အရှည်ခန့် လှီးထားသော နံနံပင် – ၁/၂ ခွက် (၁၂၅ ml) ခန့်

ပြုလုပ်နည်း

  1. ဆီပူထဲ ထည့်ကြော်ထားသော ကြက်သွန်နီ ရွှေဝါညိုရောင် ပြောင်းလျှင် ငပိထည့်ကာ စက္ကန့် ၃၀ ခန့် ဖိချေ မွှေကြော်ပေးပါ ။
  2. အရောင်တင်မှုန့် ထည့်ကာ ၃ – ၄ ချက် မွှေပြီးသည်နှင့် နာနတ်သီး နှင့် ပုဇွန်ခြောက်မှုန့် ထည့်၍ နာနတ်သီးနွှမ်းအောင် High Heat ဖြင့် မွှေကြော်ပါ။
  3. နွှမ်းလျှင် ငရုတ်သီးစိမ်း ထည့်၍ ၁ မိနစ်ခန့် ကြော်ပါ ။ နံနံပင်ထည့်ကာ ၃ – ၄ ချက် မွှေပြီးသည်နှင့် မီးဖိုမှဖယ်ကာ အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

Credit: Chaw Su’s Food Friends