မယ်ဥုံလက်ရာလေး ငပိရည်က မပါမဖြစ် ၊ ထမင်းစားချိန်တိုင်း ဒီငပိရည်ကတော့ ပွဲတိုင်းကျော်လေးပေါ့ ၊ တို့စရာစုံစုံလင်လင်နဲ့ဆို တခြားဘာဟင်းမှ မလိုလောက်အောင်ကို ကောင်းတဲ့ ငပိရည်လေးပေါ့။
ပါဝင်ပစ္စည်းများ
- ငပိရည်ကျို -၂၀သား
- ဆနွင်း
- ရေသင့်ရုံ
- ငါး
- ကြက်သွန်ဖြူ
- ငြုတ်စိမ်းတောင့်
- ငြုတ်ကျက်မူန့်
- ပုဇွန်ခြောက်မူန့်
- အချိုမူန့်(မစားရင်မထည့်နဲ့)
ပြုလုပ်နည်း
- ငပိရည်ကျို ၂၀သားကို ဆနွင်းလေးခတ် ရေသင့်ရုံထည့်ပြီး ဆူအောင်တယ်ပါ ။
- ပွက်ပွက်ဆူလာရင် ငပိရည်ကျိုထဲက ငါးလေးတွေ ကြေအောင် ဇွန်းနဲ့ခြေပေးပါ ။ ကြက်သွန်ဖြူနဲ့ငြုတ်စိမ်းတောင့် လက်တဆုပ်စီကို ဆုံထဲထည့်ပြီး မညက်တညက်ထောင်းပါ ။
- ဇလုံတခုထဲကို ထောင်းထားတာတွေထည့် ငြုတ်ကျက်မူန့် ၊ ပုဇွန်ခြောက်မူန့် ၊ အချိုမူန့်(မစားရင်မထည့်နဲ့)တို့ ထည့်ပြီး ငါးပိရည်ကျိုပူပူကို အရိုးတွေစစ်ပြီး လောင်းချပါ ။ အယ့်လိုပူပူလောင်းချမှ ငပိရည်ကမွှေးပါတယ်။
Credit: Ohnmar Kyi