မယ်ဥုံလက်ရာလေး ငပိရည်က မပါမဖြစ် ၊ ထမင်းစားချိန်တိုင်း ဒီငပိရည်ကတော့ ပွဲတိုင်းကျော်လေးပေါ့ ၊ တို့စရာစုံစုံလင်လင်နဲ့ဆို တခြားဘာဟင်းမှ မလိုလောက်အောင်ကို ကောင်းတဲ့ ငပိရည်လေးပေါ့။

ပါဝင်ပစ္စည်းများ

  • ငပိရည်ကျို -၂၀သား
  • ဆနွင်း
  • ရေသင့်ရုံ
  • ငါး
  • ကြက်သွန်ဖြူ
  • ငြုတ်စိမ်းတောင့်
  • ငြုတ်ကျက်မူန့်
  • ပုဇွန်ခြောက်မူန့်
  • အချိုမူန့်(မစားရင်မထည့်နဲ့)

ပြုလုပ်နည်း

  1. ငပိရည်ကျို ၂၀သားကို ဆနွင်းလေးခတ် ရေသင့်ရုံထည့်ပြီး ဆူအောင်တယ်ပါ ။
  2. ပွက်ပွက်ဆူလာရင် ငပိရည်ကျိုထဲက ငါးလေးတွေ ကြေအောင် ဇွန်းနဲ့ခြေပေးပါ ။ ကြက်သွန်ဖြူနဲ့ငြုတ်စိမ်းတောင့် လက်တဆုပ်စီကို ဆုံထဲထည့်ပြီး မညက်တညက်ထောင်းပါ ။
  3. ဇလုံတခုထဲကို ထောင်းထားတာတွေထည့် ငြုတ်ကျက်မူန့် ၊ ပုဇွန်ခြောက်မူန့် ၊ အချိုမူန့်(မစားရင်မထည့်နဲ့)တို့ ထည့်ပြီး ငါးပိရည်ကျိုပူပူကို အရိုးတွေစစ်ပြီး လောင်းချပါ ။ အယ့်လိုပူပူလောင်းချမှ ငပိရည်ကမွှေးပါတယ်။

Credit: Ohnmar Kyi