ငါးပိရည်ကြိုပါမှ ထမင်းမြိန်တယ်ဆိုသူတွေအတွက် စားလို့ကောင်းမယ် ငါးပိရည်ကြိုနည်းလေးတစ်ခုပါ။

ပါဝင်သောပစ္စည်းများ

  • ရေကြိုငါးပိ ပုဇွန်အစို
  • ပုဇွန်အစို
  • ကုလားအော်သီး
  • ကြက်သွန်ဖြူ
  • နနွင်းမှုန့်
  • တို့စရာ – ဟင်းသီးဟင်းရွက်အစုံ

ပြုလုပ်နည်း

ရေကြိုငါးပိကို နနွင်းမှုန့်နှင့် ရေထည့်ပြီး ကျအောင် ကြိုပြီး အနည်စစ်၍ အအေးခံပါ။

ပုဇွန်အစို၊ ကြက်သွန်ဖြူ ၊ ကုလားအော်သီးတို့ကို လှော်ပြီး မညက်တညက် ထားင်းပြီးထည့်ပါ။

အရသာလေး မြည်းကာ မိမိနှစ်သက်ရာ မည်သည့် ဟင်းသီးဟင်းရွက်နှင့်မဆို သုံးဆောင်လို့ ရပါပြီ။

Credit: Pan Pan