ဒီဟင်းလေး က မစည် ရဲ့ အဘွား အမွေပါ။ နည်းနည်း လေးတော့ ပြန်ပြုပြင် ထားပါတယ်။ မြင်တာနဲ့ စပ်တယ် ဒါပေမယ့် စားချင်တယ် ရပ်မရအောင်ကို အားရပါးရ ကိုစားချင်တယ်။

ထမင်း ပူပူ လေးနဲ့ တို့စရာစုံလင်စွာ နဲ့ စားလို့ ကတော့ ထမင်းအိုးမှောက်ရ မယ့်ဟင်းပါ။ ငါးကြင်း၊ ငါးခူး၊ ငါးရံ တို့နဲ့ ချက်ရင် တကယ် ကောင်းပါတယ်။ ငါးဆူလို့ကတော့ ဆီတွေ ဝေ့နေ လို့ ဆီများ ထဲ့ချက် လားလို့ထင်မှာပါ။ ငပိချက်အရည်ကို မုန့်ဟင်းခါးဖတ် နဲ့ သံပုရာရည်လေးဖျန်းပြီး သုပ်လျှင် အင်မတန်ကို အရသာတမျိုး လေးထူးလို့ မနက် စာကို ဒါလေး ပဲ စားချင်တယ် ဖြစ်သွားမယ်။ နောက်ဆုံး တစက်ထိ အရသာရှိ ပြီး ဆက်စားချင်လွန်းလို့ လျှာရင်း မျက်မျက် ငပိချက် လို့ နာမည် ပေးလိုက်ရတာပါ။ ချက်ကြည့်လိုက်နော်

ပါဝင်ပစ္စည်းများ

ငါး ၈၀ ကျပ်သား

ငရုပ်သီးစိမ်း ၁၀ ကျပ်သား

မျှင်ငပိစိမ်း စားပွဲဇွန်း ၆ ဇွန်း (ငပိကြိုက် သူများထပ်ထဲ့လို့ရပါတယ်)

ငံပြာရည် ၅ ကျပ်သား

ဆား လက်ဖက်ရည် ဇွန်း ၂ ဇွန်း

Knorr မှုန့် လက်ဖက်ရည် ဇွန်း ၁ ဇွန်း

မန်းကျဉ်းသီးနှစ် ၅ ကျပ်သား

နံနံပင် လက် တဆုပ်

ရေ ၅ခွက် (ငါး မြုတ်တဲ့ အထိပါ)

ပြုလုပ်နည်း

ငါးကိုရေဆေးပြီး အတုံးလေးများတုံးပြီး ဆား ဆနွင်းမှုန့် ဖြင့် နယ်နှပ်ထားပါ။ ငရုတ်သီးစိမ်းကို ရေဆေးအညှာချွေပါ။ ပြီးလျှင် ကြိတ်ပါ (ထောင်းပါ) ညက်တဲ့ အထိပါ။

အိုးကြီးထဲသို့ နယ်ထား သော ငါး နှင့် အမည်အားလုံးထည့်ပါ။ နံနံပင် ကလွဲလို့ပါ။ ရေဆူလာလျှင် ဖြည်းဖြည်း မွှေပါ။ ငါးများ ကြေသွားပါလိမ့်မယ်။

ငရုတ်သီးစိမ်းနံ့က မွှေးလာလျှင် ဆားမြည် ပါ။ ချခန်း နီးမှ အကြမ်း လှီးထားသော နံနံပင်ကို ဖြူးပါ။

ငရုတ်ကြိုက်နှစ်သက် သလို့သုံးဆောင်လို့ရပါ ပြီး။ မုန့်ဟင်းခါးဖတ် နဲ့ပဲသုပ်စားစား၊ ထမင်းနဲ့ပဲစားစား အရသာကတော့တစိမ့်စိမ့်ပါ၊ သီးစိမ်းနံ့က မွှေးလာလျှင် ဆားမြည်းပါ။ ချခန်း နီး မှ အကြမ်း လှီးထားသော နံနံပင်ကို ဖြူးပါ။

Credit: Syi Lwin Foods Garden