ကိုရီးယားရိုးရာဟင်းရည်တွေထဲမှာ ကိုရီးယားနိုင်ငံက တောဘက်တွေက အဘွားများ ချက်သော ဒီခေါက်ဆွဲ ဆန်ပြားချက်နည်းလေးက တစ်မျိုးလေး စားကောင်းပါတယ်။ စည် ကိုရီးယားမှာနေတုန်းက လယ်ယာ စိုက်ခင်းများ စိုက်ပျိုးသော ယာခင်းများကို သွားလေ့လာတုန်းက ကိုရီးယား အဘွားရဲ့ လက်ရာလေးကို ကိုရီးယား ဝက်အူချောင်းလေး ထည့်ပြီး ပြန်လည် ပြုပြင်ထားပြီး အားလုံးအတွက် လုပ်စားလို့ ရအောင် ဖော်ပြလိုက် ပါတယ်။
ပါဝင်ပစ္စည်းများ
- ခေါက်ဆွဲ – ၁ ထုပ် (ကိုရီးယားဂျုံခေါက်ဆွဲ)
- ဆန်ပြား – ၂၅ဝ ဂရမ်
- ဂေါ်ဖီထုပ်ကင်ချီ – ၁၅ဝ ဂရမ် (အနေတော်လေးတွေ လှီးထားပါ)
- ကြက်ရိုး – ၁ ကောင်
- ကြက်သွန်ဖြူ – ၂ မြွှာ (အခွံခွာ ဓားပြားရိုက်)
- ကြက်သွန်နီ – ၁ လုံး (၄ ခြမ်းခြမ်း)
- ဝက်အူချောင်းသေး – ၁၇ဝ ဂရမ် (Frankfurt Sausage ဓားဖြင့် တစ်စောင်းလေးမွန်းထားပါ)
- ပဲပြားပျော့ – ၁ တုံး (အနေတော် အတုံးလေးတွေတုံးထားပါ)
- ပဲပင်ပေါက် – ၁ ခွက် (ဟင်းချက်ရန်တိုင်းသောခွက်)
- ကိုရီးယား ပဲပိစပ် – စားပွဲဇွန်း ၂ ဇွန်း
- ကိုရီးယား ငရုတ်သီးနှစ် – စားပွဲဇွန်း ၁ ဇွန်းခွဲ
- ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကိုရီးယားအသားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ (ကြက်သားမှုန့်လည်း သုံးလို့ရပါတယ်)
- ကိုရီးယားငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ကြက်သွန်ဖြူမြိတ် – ၃ ချောင်း (အပင်ကို သုံးပိုင်းပဲပိုင်းပါ)
- ရွှေအပ်မှို – ၁ ထုပ် (Enokitake Mushroom) အမြစ် လှီးထုတ်ပြီး အချောင်းလိုက်ထည့်ပါ။
- ကိုရီးယားငရုတ်သီး – ၂ တောင့် (အကွင်းလိုက်လေးတွေလှီးထားပါ)
ပြုလုပ်နည်း
-
- အိုးကြီးထဲသို့ ကြက်ရိုး၊ ကြက်သွန်ဖြူ ဓားပြားရိုက်၊ ကိုရီးယားငံပြာရည်၊ ဆားတို့ထည့်ပြီး ဆူအောင်တည်ပါ။
- ကြက်ရိုးပြုတ်ရည်ဆူလာလျှင် မီးဖိုပေါ်မှချပြီး အနည်းငယ်အအေးခံထားပါ။ ပြီးလျှင် အရည်များစစ်ယူထားပါ။
- ဇောက်နက်အိုးထဲ ခေါက်ဆွဲနှင့် ပဲပြား ကလွဲလို့ ပါဝင်ပစ္စည်းများ အားလုံးနှင့် ကြက်ပြုတ်ရည် ထည့်ပြီး ဆူအောင်တည်ပါ။ ဆူလျှင် မီးလျော့ပြီး မီးမျှင်မျှင်လေးဖြင့် ထားပြီး ကျန်ပစ္စည်းများထည့်ပြီးတည်ပါ။
- ခေါက်ဆွဲနူးအိလျှင် ရပါပြီ။ ဆားမြည်းကြည့်ပါ။ ပေါ့လျှင် ကိုရီးယား ပဲပိစပ်နှင့် ကိုရီးယား ငံပြာရည်သာ အဓိက ထားပြီး ထပ်ထည့်ပါ။
- အရည်ပျစ်တာ မကြိုက်လျှင် ကြက်ပြုတ်ရည် ထပ်ထည့်လို့ရပါတယ်။ ပူပူလေး သုံးဆောင်လျှင် ပိုကောင်းမွန်ပါတယ်။ ကိုရီးယားဟင်းရည် ပူပူလေးကို ကိုရီးယားထမင်းနဲ့ဆို သိပ်ကို လိုက်ဖက်ပါတယ်။