[Unicode]
ကိုရီးယားရိုးရာဟင်းရည်တွေထဲမှာ ကိုရီးယားနိုင်ငံက တောဘက်တွေက အဘွားများ ချက်သော ဒီခေါက်ဆွဲ ဆန်ပြားချက်နည်းလေးက တစ်မျိုးလေး စားကောင်းပါတယ်။ စည် ကိုရီးယားမှာနေတုန်းက လယ်ယာ စိုက်ခင်းများ စိုက်ပျိုးသော ယာခင်းများကို သွားလေ့လာတုန်းက ကိုရီးယား အဘွားရဲ့ လက်ရာလေးကို ကိုရီးယား ဝက်အူချောင်းလေး ထည့်ပြီး ပြန်လည် ပြုပြင်ထားပြီး အားလုံးအတွက် လုပ်စားလို့ ရအောင် ဖော်ပြလိုက် ပါတယ်။
ပါဝင်ပစ္စည်းများ
- ခေါက်ဆွဲ – ၁ ထုပ် (ကိုရီးယားဂျုံခေါက်ဆွဲ)
- ဆန်ပြား – ၂၅ဝ ဂရမ်
- ဂေါ်ဖီထုပ်ကင်ချီ – ၁၅ဝ ဂရမ် (အနေတော်လေးတွေ လှီးထားပါ)
- ကြက်ရိုး – ၁ ကောင်
- ကြက်သွန်ဖြူ – ၂ မြွှာ (အခွံခွာ ဓားပြားရိုက်)
- ကြက်သွန်နီ – ၁ လုံး (၄ ခြမ်းခြမ်း)
- ဝက်အူချောင်းသေး – ၁၇ဝ ဂရမ် (Frankfurt Sausage ဓားဖြင့် တစ်စောင်းလေးမွန်းထားပါ)
- ပဲပြားပျော့ – ၁ တုံး (အနေတော် အတုံးလေးတွေတုံးထားပါ)
- ပဲပင်ပေါက် – ၁ ခွက် (ဟင်းချက်ရန်တိုင်းသောခွက်)
- ကိုရီးယား ပဲပိစပ် – စားပွဲဇွန်း ၂ ဇွန်း
- ကိုရီးယား ငရုတ်သီးနှစ် – စားပွဲဇွန်း ၁ ဇွန်းခွဲ
- ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကိုရီးယားအသားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ (ကြက်သားမှုန့်လည်း သုံးလို့ရပါတယ်)
- ကိုရီးယားငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ကြက်သွန်ဖြူမြိတ် – ၃ ချောင်း (အပင်ကို သုံးပိုင်းပဲပိုင်းပါ)
- ရွှေအပ်မှို – ၁ ထုပ် (Enokitake Mushroom) အမြစ် လှီးထုတ်ပြီး အချောင်းလိုက်ထည့်ပါ။
- ကိုရီးယားငရုတ်သီး – ၂ တောင့် (အကွင်းလိုက်လေးတွေလှီးထားပါ)
ပြုလုပ်နည်း
- အိုးကြီးထဲသို့ ကြက်ရိုး၊ ကြက်သွန်ဖြူ ဓားပြားရိုက်၊ ကိုရီးယားငံပြာရည်၊ ဆားတို့ထည့်ပြီး ဆူအောင်တည်ပါ။
- ကြက်ရိုးပြုတ်ရည်ဆူလာလျှင် မီးဖိုပေါ်မှချပြီး အနည်းငယ်အအေးခံထားပါ။ ပြီးလျှင် အရည်များစစ်ယူထားပါ။
- ဇောက်နက်အိုးထဲ ခေါက်ဆွဲနှင့် ပဲပြား ကလွဲလို့ ပါဝင်ပစ္စည်းများ အားလုံးနှင့် ကြက်ပြုတ်ရည် ထည့်ပြီး ဆူအောင်တည်ပါ။ ဆူလျှင် မီးလျော့ပြီး မီးမျှင်မျှင်လေးဖြင့် ထားပြီး ကျန်ပစ္စည်းများထည့်ပြီးတည်ပါ။
- ခေါက်ဆွဲနူးအိလျှင် ရပါပြီ။ ဆားမြည်းကြည့်ပါ။ ပေါ့လျှင် ကိုရီးယား ပဲပိစပ်နှင့် ကိုရီးယား ငံပြာရည်သာ အဓိက ထားပြီး ထပ်ထည့်ပါ။
- အရည်ပျစ်တာ မကြိုက်လျှင် ကြက်ပြုတ်ရည် ထပ်ထည့်လို့ရပါတယ်။ ပူပူလေး သုံးဆောင်လျှင် ပိုကောင်းမွန်ပါတယ်။ ကိုရီးယားဟင်းရည် ပူပူလေးကို ကိုရီးယားထမင်းနဲ့ဆို သိပ်ကို လိုက်ဖက်ပါတယ်။
[Zawgyi]
ကိုရီးယား႐ုိးရာဟင္းရည္ေတြထဲမွာ ကိုရီးယားနိုင္ငံက ေတာဘက္ေတြက အဘြားမ်ား ခ်က္ေသာ ဒီေခါက္ဆဲြ ဆန္ျပားခ်က္နည္းေလးက တစ္မ်ိဳးေလး စားေကာင္းပါတယ္။ စည္ ကိုရီးယားမွာေနတုန္းက လယ္ယာ စိုက္ခင္းမ်ား စိုက္ပ်ိဳးေသာ ယာခင္းမ်ားကို သြားေလ့လာတုန္းက ကိုရီးယား အဘြားရဲ႕ လက္ရာေလးကို ကိုရီးယား ဝက္အူေခ်ာင္းေလး ထည့္ၿပီး ျပန္လည္ ျပဳျပင္ထားၿပီး အားလံုးအတြက္ လုပ္စားလို႔ ရေအာင္ ေဖာ္ျပလိုက္ ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ေခါက္ဆဲြ – ၁ ထုပ္ (ကိုရီးယားဂ်ဳံေခါက္ဆဲြ)
- ဆန္ျပား – ၂၅ဝ ဂရမ္
- ေဂၚဖီထုပ္ကင္ခ်ီ – ၁၅ဝ ဂရမ္ (အေနေတာ္ေလးေတြ လွီးထားပါ)
- ၾကက္႐ုိး – ၁ ေကာင္
- ၾကက္သြန္ျဖဴ – ၂ ႁမႊာ (အခံြခြာ ဓားျပား႐ိုက္)
- ၾကက္သြန္နီ – ၁ လံုး (၄ ျခမ္းျခမ္း)
- ဝက္အူေခ်ာင္းေသး – ၁၇ဝ ဂရမ္ (Frankfurt Sausage ဓားျဖင့္ တစ္ေစာင္းေလးမြန္းထားပါ)
- ပဲျပားေပ်ာ့ – ၁ တံုး (အေနေတာ္ အတံုးေလးေတြတံုးထားပါ)
- ပဲပင္ေပါက္ – ၁ ခြက္ (ဟင္းခ်က္ရန္တိုင္းေသာခြက္)
- ကိုရီးယား ပဲပိစပ္ – စားပဲြဇြန္း ၂ ဇြန္း
- ကိုရီးယား င႐ုတ္သီးႏွစ္ – စားပဲြဇြန္း ၁ ဇြန္းခဲြ
- ဆား – လက္ဖက္ရည္ဇြန္း တစ္ဝက္
- ကိုရီးယားအသားမႈန္႔ – လက္ဖက္ရည္ဇြန္း ၁ ဇြန္းခြဲ (ၾကက္သားမႈန္႔လည္း သံုးလို႔ရပါတယ္)
- ကိုရီးယားငံျပာရည္ – လက္ဖက္ရည္ဇြန္း ၂ ဇြန္း
- ၾကက္သြန္ျဖဴၿမိတ္ – ၃ ေခ်ာင္း (အပင္ကို သံုးပိုင္းပဲပိုင္းပါ)
- ေရႊအပ္မိႈ – ၁ ထုပ္ (Enokitake Mushroom) အျမစ္ လွီးထုတ္ၿပီး အေခ်ာင္းလိုက္ထည့္ပါ။
- ကိုရီးယားင႐ုတ္သီး – ၂ ေတာင့္ (အကြင္းလိုက္ေလးေတြလွွီးထားပါ)
ၿပဳလုပ္နည္း
- အုိးႀကီးထဲသို႔ ၾကက္႐ုိး၊ ၾကက္သြန္ျဖဴ ဓားျပား႐ိုက္၊ ကိုရီးယားငံျပာရည္၊ ဆားတို႔ထည့္ၿပီး ဆူေအာင္တည္ပါ။
- ၾကက္႐ုိးျပဳတ္ရည္ဆူလာလွ်င္ မီးဖိုေပၚမွခ်ၿပီး အနည္းငယ္အေအးခံထားပါ။ ၿပီးလွ်င္ အရည္မ်ားစစ္ယူထားပါ။
- ေဇာက္နက္အိုးထဲ ေခါက္ဆဲြႏွင့္ ပဲျပား ကလဲြလို႔ ပါဝင္ပစၥည္းမ်ား အားလံုးႏွင့္ ၾကက္ျပဳတ္ရည္ ထည့္ၿပီး ဆူေအာင္တည္ပါ။ ဆူလွ်င္ မီးေလ်ာ့ၿပီး မီးမွ်င္မွ်င္ေလးျဖင့္ ထားၿပီး က်န္္္္္္္္္္္္္္္္္္ပစၥည္းမ်ားထည့္ၿပီးတည္ပါ။
- ေခါက္ဆြဲႏူးအိလွ်င္ ရပါၿပီ။ ဆားျမည္းၾကည့္ပါ။ ေပါ့လွ်င္ ကိုရီးယား ပဲပိစပ္ႏွင့္ ကိုရီးယား ငံျပာရည္သာ အဓိက ထားၿပီး ထပ္ထည့္ပါ။
- အရည္ပ်စ္တာ မႀကိဳက္လွ်င္ ၾကက္ျပဳတ္ရည္ ထပ္ထည့္လို ႔ရပါတယ္။ ပူပူေလး သံုးေဆာင္လွ်င္ ပိုေကာင္းမြန္ပါတယ္။ ကိုရီးယားဟင္းရည္ ပူပူေလးကို ကိုရီးယားထမင္းနဲ႔ဆို သိပ္ကို လိုက္ဖက္ပါတယ္။