အသားအရေမှာပြဿနာတွေဖြစ်နေမှ ဝက်ခြံတွေကိုလည်းဖြစ်လာဖို့ အကြောင်းဖန်လာစေတာပါ။ အသားအရေကို သေချာထိန်းသိမ်း စောင့်ရှောက်မယ် အသားအရေအတွက်လိုအပ်နေတဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်နေမယ်ဆိုရင်တော့ ကောင်းမွန်လွန်းတဲ့ အသားအရေကြောင့် ဝက်ခြံတွေကိုမဖြစ်လာစေနိုင်တော့ပါဘူး။

ဆော်လမွန်

ဆော်လမွန်ငါးကတော့ ဝက်ခြံတွေကိုရှင်းလင်းပေးနိုင်တဲ့ အစားစာတွေထဲမှာ အကောင်းဆုံးအစားစာပဲဖြစ်ပါတယ်။ ဆော်လမွန်ငါးမှာ Omega 3 fatty acid တွေပါဝင်နေတော့ ခန္ဓာကိုယ်မှာရှိနေတဲ့ ဝက်ခြံတွေကိုဖြစ်စေမယ့် ဟော်မုန်းတွေကိုညီမ ျှအောင်လုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ ဆော်လမွန်မှာ ပါဝင်နေတဲ့ ဗီတာမင်ဘီ၊ ဗီတာမင်အီးနဲ့ ဇင့်ဓာတ်တွေက ဝက်ခြံမဖြစ်စေဖို့တင်မကပဲ ဝက်ခြံကြောင့်ပျက်စီးသွားတဲ့ အသားအရေကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

Almond

အဆီများတဲ့အစားစာတွေဆိုရင် ဝက်ခြံတွေကိုပိုဖြစ်စေတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် Almond စေ့မှာတော့ ထင်သလောက်အဆီမပါတဲ့အပြင် အသားအရေကိုကောင်းမွန်စေဖို့ ထောက်ပံ့ပေးနိုင်တဲ့ အာဟာရဓာတ်တွေပါဝင်နေတယ်လို့ လေ့လာထားရပါတယ်။ Almond စေ့မှာ ဗီတာမင်အီး၊ ဗီတာမင်စီ၊ မက်ဂနီစီယမ်ဓာတ်တွေပါဝင်နေတော့ အသားအရေအတွက်အကောင်းဆုံးပဲပေါ့။

သခွားသီး

သခွားသီးကတော့ အသားအရေကိုစိုပြေချောမွေ့နေအောင် ခန္ဓာကိုယ်အတွင်းပိုင်းကနေရော အပြင်ပိုင်းကနေပါလုပ်ဆောင်ပေးနိုင်တယ်လို့ အားလုံးကသိထားပြီးသားပါ။ ဝက်ခြံပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက်လည်း သခွားသီးကစွမ်းဆောင်ပေးနိုင်ပါတယ်။ အသားအရေကိုအတွင်းပိုင်းကနေ သန့်စင်ပေးနိုင်ပြီး ကော်လဂျင်ဓာတ်တွေကိုလည်း ထုတ်လုပ်ပေးနိုင်တာကြောင့် ဝက်ခြံတွေကိုကာကွယ်ပေးနိုင်ပြီး ပျက်စီးနေတဲ့အသားအရေတွေကို ပြန်လည်ကုသပေးနိုင်ပါတယ်။

ကုလားပဲ

ငါးစားပေးရမှာကို မနှစ်သက်တဲ့သူတွေအနေနဲ့ ကုလားပဲကိုအစားထိုးပြီး စားသုံးပေးဖို့လိုအပ်ပါတယ်။ ကုလားပဲမှာလဲ ဝက်ခြံတွေကို တိုက်ထုတ်ပေးနိုင်တဲ့ ဇင့်ဓာတ်၊ ဗီတာမင်စီနဲ့ ဗီတာမင်အီးဓာတ်တွေပါဝင်နေတော့ ခန္ဓာကိုယ်အတွက်လည်းအားအင်တွေရှိစေသလို အသားအရေကိုလည်းကောင်းမွန်စေပါတယ်။

လိမ္မော်ရောင်အသီးအနှံ

ဗီတာမင်စီဓာတ်အပြည့်အဝရရှိနိုင်တဲ့ လိမ္မော်ရောင်အသီးအနှံတွေကလည်း ဝက်ခြံတွေမဖြစ်အောင် ကာကွယ်ကုသပေးနိုင်ပါတယ်။ လိမ္မော်သီး၊ မုန်လာဥနီ၊ ရွှေဖရုံသီးနဲ့ ကန်စွန်းဥအစရှိတဲ့ လိမ္မော်ရောင်အသီးအနှံတွေကို ပုံမှန်စားသုံးပေးရင် အသားအရေအတွက်ကောင်းမွန်လာစေမှာပါ။

ဆေးတွေ၊ အလှပြင်ပစ္စည်းတွေနဲ့ ဝက်ခြံတွေကိုကုသတာထက် သဘာဝပစ္စည်းတွေကိုပဲ အသုံးချပြီးကုသတာက ဝက်ခြံတွေအတွက်ပိုပြီးတော့ ကောင်းမွန်ပြီး အန္တရာယ်လည်းမဖြစ်စေပါဘူး။