မနက်စာ ကို ထမင်းကြော်၊ ပဲပြုတ်ထမင်း၊ ကြက်ဥထမင်း စားတတ် ကြသူများ အတွက် လိုက်ဖက်ညီ သော အတွဲလေး တစ်ခု နဲ့ တွဲပေးချင်ပါတယ်။ ကြက်သွန်ဖြူ သံပုရာ ငရုတ်သီး ထောင်းလေးပါ။ တို့စရာနဲ့လဲ တွဲဖက် စားသုံးလို့ရပါတယ်။ ကြက်သွန်ဖြူ အစိမ်းကို လတ်လတ်ဆတ်ဆတ် ထည့်ထောင်းထားတာကြောင့် ကြက်သွန်ဖြူ ကို ကျန်းမာရေး အရ စားသုံးသူများအတွက် အဆင်ပြေပါတယ်။အားလုံး ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ ထောင်း စားကြည့်လိုက်ပါနော်။
ပါဝင်ပစ္စည်းများ
ငရုတ်သီးခြောက် ၃၀ တောင့် (လှော်ထားပါ)
ကြက်သွန်ဖြူ ၉ မွှာ (ကြက်သွန်ဖြူမကြိုက်လျှင် ရှော့ထည့်လို့ရပါတယ်)
ဆား လက်ဖက်ဇွန်း ၁ ဇွန်း (အလေးကြိုက်သူများ ပိုထည့်လိုရပါတယ်)
ကြက်သားမှုန့် အနည်းငယ်
သံပုရာသီး ၂ လုံး (၁ လုံးကို အရည်ညစ်ပါ။ ၁ လုံးကို အသားဖတ်များခွာပါ)
ပဲဆီ ထမင်းစားဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
၁။ ငရုတ်ဆုံ (သို့) ကြိတ်စက်ထဲသို့ လှော်ထားသော ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူ ထည့်ထောင်းပါ၊ ကြိတ်ပါ။
၂။ မညက်တစ်ညက် လောက်ဆို ရင် ဆီ နဲ့ သံပုရာရည် ကလွဲလို့ ကျန်ပစ္စည်းမျာ အားလုံးထည့် ကြိတ်ပါ၊ ထောင်းပါ။
၃။ ပစ္စည်းများ အားလုံး ရောသွားလျှင် သံပုရာရည် နဲ့ သံပုရာဖတ်များ ထည့်ပြီး ဇွန်း နဲ့ နှံအောင်မွှေပါ။ ဆားမြည်းပါ။ အငံလိုလျှင် ဆားထပ်ထည့် ပါ၊ အချို လိုလျှင် ကြက်သားမှုန့် ထပ်ထည့်ပါ။
၄။ စားမြည့် ပုကန်ထဲသို့ထည့်ပြီး အပေါ်မှနေ ပဲဆီ ဆမ်းပြီး ခတ်ဖွဖွလေး မွှေပါ။ ပဲထမင်း၊ ထောပတ်ထမင်း၊ ထမင်းကြော်၊ ပဲပြုတ်ထမင်း တို့နှင့် တွဲဖက်စားလျှင် သိပ်လိုက်ဖက်ပါတယ်။
မှတ်ချက် – များများ ထောင်းပြီး လေလုံဗူးထဲ ထည့်ပြီး ပဲဆီ နဲ့ နှပ်ထား လျှင် လနဲ့ ချီ စားသုံးလို့ရပါတယ်။ ငရုတ်သီးလှော်ရမှာ ညော်လျှင် လှော်ပြီးသား ငရုတ်သီးမှုန့် ခွဲခြမ်းနဲ့ လဲအသုံးပြုလို့ရပါတယ်။
Credit: Syi Lwin Foods Garden