ကြက်ဥမွှေကြော်ကို ရှုမညီး ဟင်းလို့ တင်စား ခေါ်ရပါတယ်။ ကလေးတွေက ဘာဟင်းချက်ချက် ကြက်ဥမွေကြော်လေး လုပ်ပါအုံး အမေဆိုပြီး အမြဲတမ်းလိုလို ကြော်ရလို့ပါ။ ဒီ ကြက်ဥမွှေကြော်က အဆင်း မလှပေမဲ့ ကျမတို့ အိမ်ရဲ့ Signiture Dish ပါ။ အိမ်က ကလေးတွေက ကြက်ဥမွှေကြော် ပါမှ တင်းတိမ် ကျပါတယ်။ လုပ်ရလည်း လွယ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ဥ ၂ လုံး
- ခရမိးချဉ်သီး အသေး ၁ လုံး
- ကြက်သွန်နီ တခြမ်း
- ဆီ အနည်းငယ်
- ဆား အနည်းငယ်
ပြုလုပ်နည်း
- ကြက်ဥကို ကြက်ဥ ခလောက်တံ (သို့မဟုတ်) ခရင်းနှင့် သေချစွာ မွှေ၍ ခလောက်ပါ။
- ခရမိးချဉ်သီး အသေး ၁ လုံးကို အရှည်လိုက် မထူမပါး လှီးထားပါ။ ကြက်သွန်နီတခြမ်းကိုလည်း အရှည်လိုက် မထူမပါး လှီးထားပါ။
- ပြီးလျင် ခလောက်ထားသည့် ကြက်ဥထဲသို့ ဆား အနည်းငယ်၊ လှီးထားသော ခရမိးချဉ်သီး နှင့် ကြက်သွန်နီ တို့နှင့် ရောပြီး မွှေပါ။
- ဒယ်ပြား ထဲတွင် ဆီ အနည်းငယ် ထည့်၍ မီးအပူပေးပါ။ ဆီပူလာလျင် ခလောက်ထားသော ကြက်ဥကို ထည့်၍ ကြော်ပါ။
- ကြက်ဥသည် အကျက်မြန်ပါသည်။ ကျမက ကြက်ဥလေးဝါသွားလျင် မီးဖိုမီးကို ပိတ်လိုက်ပါတယ်။ အချို့က ဝါညိုလေးနှင့် ကြက်ဥ အနားသားများ ကြွပ်သည်အထိ ထားပါသည်။ မိမိ နှစ်သက်သည့် အတိုင်း ကြော်နိုင်ပါသည်။
MyFood Myanmar