ချဉ်ချဉ်စပ်စပ် ကြိုက်သူများအတွက် မရမ်းသီးငပိကြော်လေး ထမင်းမိန်မိန် စားလို့ရအောင် ရှယ်လိုက်ပါတယ်။ ကြော်စား ဖြစ်အောင် ကြော်စားကြည့်နော်။
ပါဝင်ပစ္စည်းများ
- မရမ်းသီးစိမ်း – ၁၅ ကျပ်သား (စေ့ထုပ်ပြီး အရှည်လိုက်လေးတွေလှီးထားပါ)
- ကြက်သားမှုန့် – ၂ ဇွန်း (လက်ဖက်ဇွန်း)
- ပုစွန်ခြောက်မှုန့် – ၂ ကျပ် ခွဲသား
- ငရုတ်သီးစိမ်း – ၅ တောင့် (အနေတော် လှီးထားပါ)
- အုပ်စု (က) ငရုတ်အကြမ်းဖတ်မှုန့် ၁ ဇွန်း ခွဲ (စားပွဲဇွန်း)
- အသီးအရွက်ဆီ – ၃ ကျပ်သား (ဆီလို လျှင် ထပ်ထည့်ပါ)
- ငံပြာရည် – ၁ ဇွန်း (စားပွဲဇွန်း) လိုလျှင် ထပ်ထည့်ပါ
- ကြက်သွန်နီ – ၃ လုံး (ထောင်းထားပါ)
- ကြက်သွန်ဖြူ – ၆ မွှာ ( ၃ မွှာကို ထောင်းထားပါ၊ ၃ မွှာကို ပါးပါးလှီးထားပါ)
- နနွင်းမှုန့် – တစ်ဝက် ဇွန်း (လက်ဖက်ဇွန်း)
- ငပိစိမ်းစား – ၁ ဇွန်း (စားပွဲဇွန်း)
ပြုလုပ်နည်း
- မကပ်သော အကြော် အိုးထဲသို့ ဆီထဲ့ ပါ ပူလာလျှင် အုပ်စု(က)မှ ကြက်သွန်နီ နဲ့ နနွင်းမှုန့် ကိုအရင်ဆီသတ်ပါ ။ နွမ်းလာလျှင် ကျန်အုပ်စု (က) မှ ပါဝင်ပစ္စည်းများ ထည့်ပြီး နှံ့အောင်မွှေပါ။
- အားလုံံး မွှေးပြီး ရွှေရောင်သန်းလာလျှင် ပုဇွန်ခြောက်မှုန့် ထည့်ပါ။ အနည်းငယ် ခြောက်ပြီး ပုဇွန်ခြောက်များ ကျွတ်လာလျှင် မရမ်းသီးများ ရောပါ။
- နှံ့အောင် မွှေပေးပါ။ ပါးပါးလှီး ထားသော ကြက်သွန်ဖြူကို ရောပါ။ မရမ်းသီး နွမ်းလာလျှင် ရပါပြီ။
- ညှပ်ထားသော ငရုပ်သီးများကို ထည့်ပါ။ ကြက်သားမှုန့် ဖြူးပါ။ ဆားမြည်းပြီး လိုတာ ထပ်ဖြည့်နိုင်ပါတယ် ။ ထမင်းပူပူကို ပဲဟင်းချိုနဲ့ တွဲစားမယ်ဆိုရင် အင်မတင် လိုက်ဖက်ပါတယ်။
- မှတ်ချက်- ကျမ်းမာရေး နှင့် ညီလျှော်စွာ ချက်မယ်ဆိုရင်တော့ ဆီလျှော့ထဲ့ပါ။ သံလွင်ဆီ သုံးပါ။ အငံ နှင့် ပုဇွန်ခြောက်မှုန့်များ လျှော့ထဲ့ပါ ။