ချဉ်ချဉ်စပ်စပ် ကြိုက်သူများ အတွက် မရမ်းသီး ငပိကြော်လေး ထမင်း မိန်မိန် စားလို့ရအောင် ရှယ်လိုက်ပါတယ် ။ ကြော်စား ဖြစ်အောင် ကြော် စားကြည့်နော်။

ပါဝင်ပစ္စည်းများ

  • မရမ်းသီးစိမ်း – ၁၅ ကျပ်သား (စေ့ထုပ်ပြီး အရှည်လိုက်လေးတွေလှီးထားပါ)
  • ကြက်သားမှုန့် – ၂ ဇွန်း (လက်ဖက်ဇွန်း)
  • ပုစွန်ခြောက်မှုန့် – ၂ ကျပ် ခွဲသား
  • ငရုတ်သီးစိမ်း – ၅ တောင့် (အနေတော် လှီးထားပါ)
  • အုပ်စု (က) ငရုတ်အကြမ်းဖတ်မှုန့် ၁ ဇွန်း ခွဲ (စားပွဲဇွန်း)
  • အသီးအရွက်ဆီ – ၃ ကျပ်သား (ဆီလို လျှင် ထပ်ထည့်ပါ)
  • ငံပြာရည် – ၁ ဇွန်း (စားပွဲဇွန်း) လိုလျှင် ထပ်ထည့်ပါ
  • ကြက်သွန်နီ – ၃ လုံး (ထောင်းထားပါ)
  • ကြက်သွန်ဖြူ – ၆ မွှာ ( ၃ မွှာကို ထောင်းထားပါ၊ ၃ မွှာကို ပါးပါးလှီးထားပါ)
  • နနွင်းမှုန့် – တစ်ဝက် ဇွန်း (လက်ဖက်ဇွန်း)
  • ငပိစိမ်းစား – ၁ ဇွန်း (စားပွဲဇွန်း)

ပြုလုပ်နည်း

  1. မကပ်သော အကြော် အိုးထဲသို့ ဆီထဲ့ ပါ ပူလာလျှင် အုပ်စု(က)မှ ကြက်သွန်နီ နဲ့ နနွင်းမှုန့် ကိုအရင်ဆီသတ်ပါ ။ နွမ်းလာလျှင် ကျန်အုပ်စု (က) မှ ပါဝင်ပစ္စည်းများ ထည့်ပြီး နှံ့အောင်မွှေပါ ။
  2. အားလုံံး မွှေးပြီး ရွှေရောင်သန်းလာလျှင် ပုဇွန်ခြောက်မှုန့် ထည့်ပါ ။ အနည်းငယ် ခြောက်ပြီး ပုဇွန်ခြောက်များ ကျွတ်လာလျှင် မရမ်းသီးများ ရောပါ ။
  3. နှံ့အောင် မွှေပေးပါ ။ ပါးပါးလှီး ထားသော ကြက်သွန်ဖြူကို ရောပါ ။ မရမ်းသီး နွမ်းလာလျှင် ရပါပြီ ။
  4. ညှပ်ထားသော ငရုပ်သီးများကို ထည့်ပါ ။ ကြက်သားမှုန့် ဖြူးပါ ။ ဆားမြည်းပြီး လိုတာ ထပ်ဖြည့်နိုင်ပါတယ် ။ ထမင်းပူပူကို ပဲဟင်းချိုနဲ့ တွဲစားမယ်ဆိုရင် အင်မတင် လိုက်ဖက်ပါတယ်။
  5. မှတ်ချက်- ကျမ်းမာရေး နှင့် ညီလျှော်စွာ ချက်မယ်ဆိုရင်တော့ ဆီလျှော့ထဲ့ပါ ။ သံလွင်ဆီ သုံးပါ ။ အငံ နှင့် ပုဇွန်ခြောက်မှုန့်များ လျှော့ထဲ့ပါ။