ပါဝင်ပစ္စည်းများ
- ခေါက်ဆွဲ ပန်းကန် ၁ လုံး
- ကြက်ဥ ၂ လုံး
- ကြက်သား အတုံးသေး (ပြုတ်ထားသော)
- ပဲငံပြာရည် အပျစ် ၃ ဇွန်း (ထမင်းစားဇွန်း)
- ကြက်သွန်နီ ၁ လုံး (၈စိတ် စိပ်ထားပါ)
- ဂေါ်ဖီ ( ခပ်ကြီးကြီး လှီးထားပါ)
- ခရမ်းချဉ်သီး အကြီး ၁ လုံး (အရှည်လိုက် လှီးထားပါ)
- ဆား အနည်းငယ်
- သကြား အနည်းငယ်
- ငရုပ်ကောင်းမှုန့် အဖြူ အနည်းငယ်
- ပင်စိမ်း အနည်းငယ်
ပြုလုပ်နည်း
- ကြော်မည့် ခေါက်ဆွဲကို ပဲငံပြာရည် အပျစ် ၂ ဇွန်း၊ သကြား အနည်းငယ် နှင့် နယ်ထားပါ။ အရင်ဆုံး ဆီပူအောင် တည်ပါ။ ဆီပူထဲသို့ ကြက်ဥ ကိုထည့်ရျ် အရင်ကြော်ပါ။
- ပြီးလျင် ကြက်သား၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ပဲငံပြာရည် အပျစ် ၁ဇွန်း နှင့် ဆားထည့်၍ ကြော်ပါ။ မကျက်တကျက်မှာ အသီးရွက်တွေကို အိုးဘေးကပ်ထားပါ။ အလယ်နေရာ ရအောင် လုပ်ဖို့ပါ။
- ခေါက်ဆွဲကို အလယ်ထည့်ပြီး အသီးရွက်က ထွက်တဲ့ရေနဲ့ လုံးပေးပါ။ ပြီးမှ ခေါက်ဆွဲကို အောက်ကထားပြီး အသီးရွက်တွေကို အပေါ်က အုပ်ပေးပါ။
- ရေနည်းရင် ဆူပြီးသား ရေကျက်အေး သင့်ရုံထည့်ပြီး အဖုံးအုပ်ပေးပါ။ မီးပြင်းပြင်းနဲ့ ၃မိနစ်လောက် ထားပြီး အပေါ်အောက် သမအောင် မွှေပေးပါ။
- တရုတ်နံနံ အိမ်မှာ မရှိ၍ အိမ်ရှိ ပင်စိမ်း အနည်းငယ်ကို ထည့်ပါ။ ခဏအကြာ ခေါက်ဆွဲအိသွားရင် ကျက်ပါပြီ။ ငရုပ်ကောင်းမှုန့် အဖြူ အနည်းငယ်ကိုလည်း အပေါ်မှ အနည်းငယ် ဖြူးပေးပါ။ အရသာရှိသော ခေါကိဆွဲကြော် ရပါပြီ။
MyFood Myanmar