ပါဝင်ပစ္စည်းများ
ရွှေကြည် – လေးဗူး
အုန်းးနို့ဗူးကြီး – တစ်ဗူး
သကြား – သုးံဗူး
ထောပတ် – 1/2ဗူး
ဆီ – တစ်ဗူး
ရေ နဲ့ အုန်းနို့ ပေါင်း- ငါးဗူး
ဘိန်းစေ့ – နှစ်ဇွန်း
ပြုလုပ်နည်း
ရွှေကြည် ကို မီးနည်းနည်း နဲ့လှော်ပြီး ပါဝင်ပစ္စည်းများ ရောပြီး ဆီပြန်သည်ထိ မွှေပေးပါ။
ရေကုန်ရင် ကင်မည့် ဗန်းထဲ ထောပတ်သုပ်ပြီးး ထည့်ပါ။
အပေါ်က ထောပတ်သုပ်ပြီး ဘိန်းစေ့ ဖြူးပေးပါ။
Oven နဲ့ အပေါ်အောက်မီး 180° နဲ့ မိနစ် 30 ကင်လျှင် ရွှေရောင်သန်းနေတဲ့ ဆနွင်းမကင်းလေး ရပါပြီ။ အေးမှ လိုသလို လှီးပြီး သုးံဆောင် နိုင်ပါသည်။
(ဖရုံယို၊ သီဟိုလ်စေ့၊ စပစ်စေ့ ကြိုက်ပါက ထည့်နိုင်ပါသည်။ ပထမဆုံး ဆနွင်းမကင်း လုပ်ကြည့်တာပါ။ လိုအပ်တာများလဲ ပြောပြပါ)
Credit: Daw Suu Suu