နေ့လည်ဘက် အဆာပြေ လုပ်ရလွယ်ကူသော ဘူးသီးကြော်လေးကို လုပ်စားဖြစ်ပါတယ် ။
ပါဝင်ပစ္စည်းများ
- ဘူးသီး တစိတ် (၃လက်မ အရှည်များ လှီးပေးပါ)
- ရွှေလိပ်ပြာအကြော်မှုန့် ၁၅၀ ဂရမ် (သို့) ဂျုံမှုန့် ရ၀ ဂရမ်
- ကာက်ညှင်းမှုန့် ၄၅ ဂရမ်
- ဆန်မှုန့် ၃၅ ဂရမ်
- ဆော်ဒါ ၃ပုံ၁ပုံ ( လက်ဖက်ရည်ဇွန်း)
- ရေ ၁ခွက်
- ဆလက်ရွက် လိုအပ်သလို
ဆော့တွင် ပါဝင်ပစ္စည်းများ
- မန်းကျည်ရည် စားပွဲတင်ဇွန်း ၃ဇွန်း
- ငရုတ်သီးဆော့ စားပွဲတင်ဇွန်း ၂ဇွန်း(ငရုတ်သီးစိမ်း၆ထောင့်လောက်ကို ညက်အောင်ထောင်းပြီး အစပ်ကြိုက်ကထည့်ပါ။)
- ကြက်သွန်ဖြူ ၂မွှာ (မညက်တညက်ထုပေးပါ)
- နံနံပင် အနည်းငယ် (ပါးပါးလှီးပါ)
- သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ဆား (သို့) ငံပြာရည် အနည်းငယ်
- ပဲမှုန့်အကျက်မှုန့် လိုအပ်သလို
ကြော်နည်း
- အရင်ဆုံး ဇောက်ခွက် တစ်ခုထဲတွင် ရွှေလိပ်ပြာ အကြော်မှုန့်(၁၅၀ ဂရမ် )၊ ဆိုဒါ နှင့် ရေ(၁ခွက်) နဲ့ ခပ်ပျစ်ပျစ်လေး ရောမွှေပေးပါ။
- ပြီနောက် ဒယ်ထဲ ဆီများများ ထည့်ပြီ ဆီပူသည်အထိ တည်ထားပါ ။
- ဆီပူလာလျှင် ဗူးသီးများကို မုန့်နှစ်ခွက်ထဲ နှစ်ပြီ ဒယ်ထဲ တစ်ခုခြင်းဆီ ဖြည်းဖြည်းခြင်း ထည့်ပေးကာ ဗူးသီးများ ရွှေအိုရောင် သန်းသည်အထိ ကြော်ပေးပါ ။
- ဗူးသီးများ ရလျှင် ဇကာဖြင့် ပြန်ဆယ်ကာ ဆီစစ်ထားပါ ။
ပြုလုပ်နည်း (အချဉ်ရည်အတွက်)
- အချဉ်ရည်အတွက် ပါဝင်ပစ္စည်းများ ဖြစ်တဲ့ (မန်ကျဉ်းရည် ၊ ငရုတ်သီးဆော့ ၊ ပဲမှုန့်အကျက်မူန့် ၊ ဆား ၊ သကြား ၊ နံနံပင်) တို့ကို ခပ်ကျဲကျဲလေး ဖျော်ပေးပါ ။ ထို့နောက် ပန်းကန်ထဲတွင် ဘူးသီးကြော် ၊ ဆလတ်ရွက် ၊ အချဉ်ရည် တို့ဖြင့် အရသာရှိစွာ သုံးဆောင်လို့ရပါပြီ ။
Credit: ရတီ