လွယ်ကူ လျင်မြန်စွာ လုပ်စားလို့ ရသော အစာပြေ အစားအစာ ကို အိမ်မှာ ပျင်းလို့ပဲဖြစ်စေ ၊ ဧည့့်ခံပွဲ အတွက် ဧည့်ချင်တာပဲဖြစ်စေ ၊ အလွန် အဆင်ပြေစေသော အစာပြေ အစားအစာလေးပါ။
ပါဝင်ပစ္စည်းများ
- ထောပတ်သီး – ၁ လုံး (အမြောင်းလိုက်လှီးထားပါ)
- Bacon – ၁၀ ပြား
- ဆားကြမ်း – အနည်းငယ်
- Basalmic – ၅ ဇွန်း (စားပွဲဇွန်း)
ပြုလုပ်နည်း
- ဝက်သားပြားဖြန့်ပြီး ဒေါင်လိုက် လှီးထားသော ထောပတ်သီးစိတ်လေးများ တင်ပါ ။ ပြီးလျင် တစ်စောင်းလေး လိပ်ပေးပါ ။
- မီးသွေးဖိုပေါ် အကင် ဇကာကွက်ပြား တင်ပါ ။ မီးသွေး အပူချိန်ညီမှ ထောပတ်သီး ဝက်သားပြားပတ်များ တင်ကင်ပါ ။ ၂-၃ မိနစ် လောက် ကင်ပြီးလျှင် အသားလိပ်လေးများ လှည့်လှည်ပြီး အရောင် ညိုပြီး ကျွတ်တဲ့ အထိ ကင်ပါ။
- အလိပ်လေးများကို ဖန်ပန်းကန်လုံးတွေထဲ ထည့်ပြီး ဘာစာမစ်ဗီနီကာ လောင်းထည့်ပြီး လိမ္မော်သီး ၊ ပူစီနံရွက် လေးများဖြင့် အလှဆင်ကာ စားသုံးလျင် အအီပြေစေပါတယ် ။