ပါဝင်ပစ္စည်းများ
- ဘဲကင်ရင်ပုံသား – ၂ ခု ( လက်မဝက်အထူလောက်လေးလှီးပါ)
- အနီရောင်ဟင်းချက်အနှစ် – ၁ ဇွန်း( ထမင်းစားဇွန်း)
- အုန်းနို့ – ဝ.၇၅ လီတာ
- ခရမ်းကြွပ်သီး – ၆ လုံး ( လေးစိတ်ခွဲ )
- ခရမ်းကစော်ခါးသီး – ၂၀ လုံးခန့်
Source: FirstCry Parenting
- နာနတ်သီး – ၂ စိတ် ( လက်မဝက်အရွယ်လေးများတုံးပါ)
- ချယ်ရီခရမ်းချဉ်သီး – ၈ လုံး( ချယ်ရီမရပါကရိုးရိုးကို၈ စိတ်ခွဲပါ )
- တောရှောက်ခါးရွက် – ၃ ရွက် (အမျှင်လေးတွေလှီးပါ )
- ထိုင်းပင်စိမ်း(မိုရက်ဖာ) – ၃ ညွှန့် ( အလှဆင်ရန်)
- ငရုတ်သီးတောင့်နီ – ၂ တောင့် ( ခပ်စောင်းစောင်းလေးလှီးပါ)
Source: iStock
- ငါးငံပြာရည် – ၂ ဇွန်း ( ထမင်းစားဇွန်း)
- သကြား – ၁ ဇွန်း ( ထမင်းစားဇွန်း)
- ဟင်းခတ်မှုန့် – ၁ဇွန်း ( လက်ဖက်ရည်ဇွန်း)
- ထန်းလျက်သေးသေး – ၁ လုံး ( ခပ်ကြေကြေလေးရိုက်ခွဲထားပါ )
ပြင်ဆင်ပြုလုပ်နည်း
ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကို အပူပေးပြီး အုန်းနို့ကို ဆီပြန်လာသည်အထိ ဆီသတ်ပေးပါ။ အုန်းနို့ ဆီပြန်လာပြီဆိုရင်အနီရောင်ဟင်းချက်အနှစ်ကို ထည့်ပြီး ဆီသတ်ပါ။ အနံအနည်းငယ်မွှေးပြီး ဆီပြန်လာလျှင် ဘဲကင်တွေ ထည့်ပေါင်းပါ။ ထို့နောက် တောရှောက်ခါးရွက်၊ ခရမ်းကြွပ်သီး၊ ခရမ်းကစော်ခါးသီးတွေထည့်ပြီး ပါဝင်သော အရသာများဖြင့် ဖြည့်စွက်ကာ ရေအနည်းငယ်ထည့်ကာ အဖုံးပိတ်ထားပါ။ တစ်ပွက်ဆူလာပြီဆိုရင် ချယ်ရီခရမ်းချဉ်သီး၊ နာနတ်သီး၊ ငရုတ်တောင့်နီတွေထည့်ပြီး ထိုင်းပင်းစိမ်းလေး အလှဆင်ကာ သုံးဆောင်နိူင်ပါသည်။
Credit: ဟင်းချက်နည်းမျျား