ပါဝင်ပစ္စည်းများ

ပုစွန်တုပ် ၅ကောင်

ပုစွန်ငပိ လက်ဖက်ရည်ဇွန်း၂ဇွန်း

ကြက်သွန်နီ ၂လုံး

ငရုတ်သီးစိမ်း ၁၀တောင့်

သံပုရာသီး ၁လုံး

မြေပဲဆီ အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

ပုစွန်တုပ်များကို ရေဆေး၍ မီးဖုတ်ကာအခွံခွာထားပါ။

ငရုတ်သီးစိမ်းများကို လှော်၍ ပုစွန်ငပိနှင့် ကြက်သွန်နီကို မီးအေးအေးနှင့် ကင်ပေးပါ။ ပြီးနောက် ကြက်သွန်နီကို အအေးခံ၍ အခွံခွာထားပါ။

ငရုတ်ဆုံထဲတွင် ပထမဦးစွာ ကြက်သွန်နီနှင့် ငရုတ်သီးစိမ်းကို ထောင်းပါ။ အနှစ်များညက်လျှင် ပုစွန်ငပိထည့်ကာ ထောင်းပေးပါ။

ထို့နောက် ပုစွန်တုပ် မီးဖုတ် အရသာမှုန့် ဆားအနည်းငယ်တို့ ထည့်၍ ထောင်းပြီးလျှင် ပန်းကန်တစ်ခုထဲသို့ ပြောင်းထည့်ပြီး သံပုရာရည်၊ မြေပဲဆီတို့ ဆမ်း၍ သုံးဆောင်နိုင်ပါပြီ။

Credit: Ei’s Cooking Diary