မင်္ဂလာပါ။ အသားတွေထဲမှာ လူအများစုက ဝက်သားကိုစားကြတာများပါတယ်။ ဒီလိုမျိုးကြိုက်နှစ်သက်ကြတဲ့ အသားကို ဒီတစ်ခါမှာ ပုံစံအသစ်လေးနဲ့ စားကြည့်ကြရအောင်။ အထောင်းလေးဆိုတော့ ဘယ်လိုအရသာဖြစ်နေမလဲဆိုတာကို တွေးနေကြမှာအမှန်ပါပဲ။ အခုပဲ ကြည့်လိုက်ကြရအောင်။
ပါဝင်ပစ္စည်းများ
- ဝက်ပေါင်သား (အဆီမပါ)
- ဆား
- ဂျင်းရည်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ထမင်း
- ငြုပ်ကြမ်းမှုန့် သင့်ရုံ
- ဆီ
ပြုလုပ်နည်း
၁။ အဆီမပါတဲ့ ဝက်ပေါင်သားကို ဆား ၊ ဂျင်းရည်ဖြင့် နယ်ပြီး နူးအောင် ပြုတ်ထားပေးပါ ။
၂။ အသားနူးလျှင် အအေးခံပြီး နွှင်ထားပါ ။
၃။ ကြက်သွန်နီ ကို ကြမ်းကြမ်းလှီးပါ ။ ကြက်သွန်ဖြူ ၊ ငြုပ်ကြမ်းမှုန့် သင့်ရုံကို နွှင်ထားသော အသားများဖြင့် ရောကာ အရမ်း ညက်မသွားအောင် ခပ်ဖွဖွထောင်းပေးပါ ။ ဆား အပေါ့အငံ ပြင်ပါ ။
၄။ ထောင်းထားတဲ့ ဝက်သားထောင်းကို ဆယ်ယူပြီး ဆီရွှဲရွှဲလေး ဆမ်းကာ ထမင်းပူပူ ဆီဆမ်းလေးဖြင့် တွဲဖက် စားသုံး နိုင်ပါတယ် ။
Credit: Soe Cooking Collection