ဆန်လုံးညိုဆိုတာ စပါးရဲ့ အပေါ်ဆုံးလွှာဖြစ်တဲ့ စပါးခွံ အကြမ်းကို ဖယ်ရှားထား တာက လွဲပြီး ဖြူဖွေးအောင် ဖွပ်မထား တဲ့ ဆန် ဖြစ်ပြီး ဆန်ရဲ့သဘာဝ အာဟာရ တန်ဖိုး ပျက်စီးမှုအနည်းဆုံးဖြစ်ပါတယ်။ ဆန်လုံးညိုမှာ အမျှင်ဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ အများအပြားပါဝင်တာကြောင့် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။

Source: Chowhound

ဆန်လုံးညိုကို ဖြူဖွေးအောင် ဖွပ်လိုက်တဲ့အခါ ဗီတာ မင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီးစ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်း၊ အမျှင်ဓာတ် အားလုံးနဲ့ မရှိမဖြစ် အဆီဓာတ်အားလုံး လျော့ပါးပျက်စီးသွားပါတယ်။ သုတေသန ဆေးသိပ္ပံပညာရှင်များသည် ဆန်လုံးညို စားသုံးခြင်းဖြင့် သွေးတိုးနှင့် နှလုံး၊ လေဖြန်းရောဂါ ဖြစ်ပွားမှုကို လျှော့ချနိုင်မယ်လို့ အဆိုပြုထားပါတယ်။

Source: Spice Cravings

ဆန်လုံးညိုသည် ဆန်ဖြူထက် အမျှင်ဓာတ် ပိုမိုများပြီး သွေးအဆီ တိုးခြင်းကို တိုက်ထုတ်နိုင်သည်။ ဆန်လုံးညိုတွင် နှလုံးကို ကာကွယ်ရန်အတွက် ပရိုတင်းဓာတ်တမျိုး ပါရှိသည်။ ယင်းဓာတ်သည် ဆန်ကို ဖြူအောင် ဖွပ်လိုက်သောအခါ ပါသွားနိုင်သည့်အတွက် ဆန်လုံးညိုကို စားသုံးကြရန် ဆေးသိပ္ပံပညာရှင် များက တိုက်တွန်းခဲ့ကြသည်။

Source: Healthline

အမေရိကန်ပြည် ဖယ်လာဒယ်(လ်) ဖီးယားပြည်နယ်၊ တန်ပယ်ယူနီဗာစီတီမှ ပရော်ဖက်ဆာ ဆာတိုရုအီဂူချီက ဆန်လုံးညိုဟာ ဆန်ဖြူထက် အားသာချက်တွေ ရှိပါတယ်။ သွေးတိုးနဲ့ သွေးကြောထူပိတ်လာခြင်း (သွေးကြောတွေ မာတောင့်လာခြင်း)ကို ကာကွယ်နိုင်ပါတယ်။ ဆန်မှာ Sublager လို့ ခေါ်တဲ့ ပရိုတိန်းအလွှာဓာတ် တမျိုးပါဝင်ပါတယ်။ ယင်းအလွှာဟာ သွေးတိုးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။