သာမန်ကြက်ဥကြော်ရင် အနားလေးက အနည်းငယ်လေးတော့ တူးသလိုဖြစ်တတ်ပါတယ်။

ကြက်ဥအကာ သေးသေးလေးနဲ့ လှလှပပဖြစ်အောင် ကြော်လို့ရတဲ့ နည်းလမ်းကတော့ ဇကာသုံးတာပဲဖြစ်ပါတယ်။

ဇကာအောက်မှာ ခွက်တစ်ခု ခံထားပါ။ ကြက်ဥကို ဇကာထဲ ထည့်ဖောက်ထည့်လိုက်ပါ။ ဒါပေမယ့် ကြက်ဥအနှစ်တွေရော အကာအရည်ကြည်ရောက ဇကာထဲမှာပဲ ကျန်နေပါတယ်။

ပြီးရင် ဒယ်အိုးထဲကို ကြက်ဥထည့်လိုက်ပါ။ မီးအေးအေးနဲ့ ၂ မိနစ်ကနေ ၃ မိနစ် ကြားကြော်လိုက်ပါ။

ဒါဆိုရင် ဒီလို လှပတဲ့ အကာသေးသေးလေးနဲ့ ကြက်ဥကို ရပါပြီ။