Egg Tarts ဆိုရင်တော့ လူကြိုက်အရမ်းများပါတယ်။ ဒီလိုပဲ Cheese Tarts ကိုလည်း လူကြိုက်များမယ်လို့ ထင်ပါတယ်။ သူကတော့ ချိစ်အပြည့်နဲ့ ပြုလုပ်ထားတာဖြစ်လို့ အီစိမ့်ပြီး အရမ်းအရသာရှိတဲ့ မုန့်တစ်မျိုးပါ။ ဒါကြောင့် အီအီစိမ့်စိမ့်လေးတွေစားချင်နေတဲ့ အစားတစ်လိုင်းပရိသတ်တွေအတွက် Cheese Tarts ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

Cheese Tarts ပြုလုပ်ဖို့ ပန်းကန်လုံးထဲကို ဂျုံမှုန့် – ၂ ခွက်နဲ့ Powdered Sugar – ခွက်တစ်ဝက်စာထည့်ပါ။ ဆား – အနည်းငယ်နဲ့ ထောပတ်အတုံး – ခွက်ရဲ့လေးပုံ ပုံ သုံးပုံစာထည့်ကာ နယ်ပေးပါ။

သေချာသမအောင်နယ်ပြီးရင်တော့ ကြက်ဥ အနှစ် – ၂ လုံးကိုထည့်နယ်ပါ။ ရေခဲရေ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းကိုထည့်ပြီး ထပ်နယ်ပါ။ ပြီးရင်တော့ ပလတ်စတစ်အပါးနဲ့ပတ်ပြီး ရေခဲသေတ္တာထဲမှာ မိနစ် ၃၀ ကြာထည့်ထားပါ။

မီးဖိုပေါ်ကို အိုးတစ်လုံးတင်ပြီး ခရင်မ်ချိစ် – ခွက်တစ်ခွက်စာနဲ့ White Cheddar လို့ခေါ်တဲ့ ချိစ်တစ်မျိုးကို ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာ ထည့်ပါ။ ပြီးတာနဲ့ ထောပတ် – စားပွဲတင်ဇွန်းတစ်ဇွန်းစာထည့်ပြီး မွှေပေးပါ။

မွှေပြီးတာနဲ့ Lemon Juice – စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ဆန်မှုန့် – စားပွဲတင်ဇွန်း တစ်ဇွန်းခွဲစာ ထည့်နယ်ပါ။ ခြစ်ထားတဲ့ Lemon အခွံ အနည်းငယ်ကိုလည်း ထည့်နယ်ပါ။ ကြက်ဥအကြီးတစ်လုံးထည့်ပြီး ထပ်နယ်ပေးပါ။ ပြီးရင်တော့ Vanilla Extract – လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး Powder Sugar – ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာ ထည့်နယ်ပါ။

အားလုံးပြီးတာနဲ့ ရေခဲသေတ္တာထဲမှာ အနည်းဆုံး လေးနာရီကြာထည့်ထားပေးရပါမယ်။ ရေခဲသေတ္တာထဲကထုတ်တာနဲ့ ဒလိမ့်တုံးနဲ့ လှိမ့်ပေးပြီး ပုံစံခွက်လေးတွေထဲကို ထည့်ပေးရပါမယ်။ ဘေးနားလေးတွေကို ခက်ရင်းနဲ့ လိုက်ဖိချပေးပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်လောက် ပြန်ထည့်ထားပေးပါ။ ရေခဲသေတ္တာထဲကထုတ်ရင် မုန့်ဖုတ်စက်ထဲမှာ ၆ မိနစ်ပြန်ထည့်ထားပေးရပါမယ်။

ပထမဆုံးလုပ်ထားတဲ့ ချိစ်ပန်းကန်ထဲကို Heavy Cream – ခွက်တစ်ဝက်စာထည့်နယ်ပေးပါ။ ပြီးရင်တော့ ခုနကလုပ်ထားတဲ့ ပုံစံခွက်လေးတွေထဲကို လိုက်ထည့်ပေးရပါမယ်။ အားလုံးထည့်ပြီးတာနဲ့ အပေါ်နားလေးတွေကို ကြက်ဥအရည်တွေ လိုက်သုတ်ပေးပါ။ ပြီးတာနဲ့ မုန့်ဖုတ်စက်ထဲမှာ ၇ မိနစ်လောက် ပြန်ထည့်ထားပါ။

မုန့်ဖုတ်စက်ထဲကထုတ်တာနဲ့ အသင့်စားသုံးနိုင်တဲ့ Cheese Tarts ကို ရရှိသွားပါပြီ။ လုပ်ရတဲ့အဆင့်တွေကတော့ များပေမယ့် တစ်ဆင့်ချင်းစီ သေချာလိုက်လုပ်မယ်ဆိုရင်တော့ လုပ်ရတာအဆင်ပြေစေမှာပါ။

Photo Source: www.yummyph.com