ကိုယ်စားတဲ့အစားအစာတွေနဲ့ ကိုယ်စားတဲ့အသီးအနှံတွေမှာ ကယ်လိုရီဘယ်လောက်ပါလဲဆိုတာကို သိထားဖို့တော့ လိုပါတယ်။ မဝချင်တဲ့သူတွေနဲ့ ဝိတ်ချနေတဲ့သူတွေဆိုရင် သိထားဖို့ ပိုလိုအပ်ပါတယ်။ ဒါကြောင့် လူကြိုက်များပြီး အစားများတဲ့ အသီး (၁၀) မျိုးမှာ ပါဝင်နေတဲ့ ကယ်လိုရီပမာဏတွေကို ပြောပြပေးလိုက်ပါတယ်။

ပန်းသီး

လူတိုင်းလိုလိုကြိုက်ကြတဲ့ ပန်းသီး တစ်ပိုင်းမှာတော့ ၄၅ ကယ်လိုရီပါပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီး တစ်ပိုင်းမှာတော့ ၈၀ ကယ်လိုရီပါရှိပါတယ်။ ဒါကြောင့် ဝိတ်တက်ချင်ရင် အားရှိချင်ရင် ငှက်ပျောသီးစားပေးရပါတယ်။

ကီဝီသီး

ကီဝီသီးတစ်ပိုင်းမှာတော့ ၂၅ ကယ်လိုရီပါရှိပါတယ်။ ဝိတ်ချနေတဲ့သူဆိုရင် ကယ်လိုရီနည်းတဲ့ ကီဝီသီးကိုစားပေးနိုင်ပါတယ်။

သရက်သီး

လူကြိုက်များတဲ့ အသီးတစ်ခုဖြစ်တဲ့ သရက်သီးတစ်ပိုင်းမှာတော့ ၅၉ ကယ်လိုရီပါရှိနေပါတယ်။

လိမ္မော်သီး

လိမ္မော်သီးတစ်ပိုင်းမှာတော့ ၄၈ ကယ်လိုရီပါရှိနေပါတယ်။

သစ်တော်သီး

လူကြိုက်များတဲ့ သစ်တော်သီးတစ်ပိုင်းမှာလည်း လိမ္မော်သီးလိုပါပဲ ၄၈ ကယ်လိုရီပါရှိပါတယ်။

နာနတ်သီး

နာနတ်သီးတစ်ပိုင်းမှာတော့ ၄၂ ကယ်လိုရီပါရှိပါတယ်။

စပျစ်သီး

စပျစ်သီး ၁၀၀ ဂရမ်မှာတော့ ၂၀ ကယ်လိုရီပါရှိပါတယ်။ ဒါကြောင့် ဝိတ်ကျချင်ရင် စပျစ်သီးစားပါ။

ရှောက်သီး၊ သံပုရိုသီး

ရှောက်သီးနဲ့ သံပုရိုသီးမှာ တစ်ပိုင်းမှာတော့ ၁၄ ကယ်လိုရီပါရှိပါတယ်။ ဒါကြောင့်လည်း ဝိတ်ကျချင်တဲ့သူတွေ ဖျော်ရည်လုပ်သောက်ကြတာပါ။

မက်မွန်သီး

မက်မွန်သီးတစ်ပိုင်းမှာလည်း ၃၆ ကယ်လိုရီပါရှိပါတယ်။

Photo Source: www.pexels.com