ပါဝင်ပစ္စည်းများ

  • ဝက်သား ၂၀သား
  • ငါးဖယ် ၁၅သား
  • ဝက်ရိုး/ကြက်ရိုး အနည်းငယ်
  • ငုံးဥ ၁၅လုံး
  • ဂျုံမှုန့် ၇ဇွန်း
  • အူမကြီး ၂၀သား
  • အူချို ၁၅ကျပ်သား
  • ဦးနှောက် ၂လုံး
  • အသည်း ၁၀သား
  • ကြက်ဥ ၃လုံး
  • မုန့်ညင်းစိမ်း ၂ပင်
  • ကြက်သွန်မိတ် ၇ပင်
  • ပဲပြား ၁ပြား
  • ဆန်ကြာဇံ ၂၅သား
  • ညှပ်ပြားကြီး ၅၀သား
  • ဆား အနည်းငယ်
  • သကြား
  • ငရုတ်ကောင်း
  • နှမ်းဆီမွှေး
  • ပဲငံပြာရည် အပျစ်
  • ပဲငံပြာရည် အကြည်
  • ကြက်သားမှုန့်
  • အချိုမှုန့်
  • ကြက်သွန်ဖြူ
  • ဂျင်း

ပြုလုပ်နည်း

အရိုးများကို ရေဆေးပြီး ပြုတ်ပါ။ ဆူလာလျှင် သွန်ပြစ်ပြီး ရေထပ်ထည့်၍ ဆား၊ သကြား၊ ကြက်သွန်ဖြူ ၂မွှာ ဓားပြားရိုက်ပြီး ပြန်တည်ပါ။ကြာကြာ တည်ပါ။ ငါးဖယ်ကို အရိုးစစ်ပြီး ရိုက်ထားပါ။ ကြာဇံကို ရေစိမ်ထားပါ။ ဆန်ပြား ကိုညှပ်ထားပါ။

ဝက်သားလုံး – ဝက်သားကို နုတ်နုတ်စင်းပြီး ကြက်သွန်ဖြူ၊ ဂျင်းထောင်းရည်၊ ဆား၊ သကြား၊ငရုတ်ကောင်း၊ဂျုံမှုန့် ၂ဇွန်းခွဲ၊ နှမ်းဆီမွှေး၊ ကြက်ဥအကာ၊ ငါးဖယ် ၁၀သား ဖြင့်နှံ့အောင် ရောနယ်ကာ ရေခဲသေတ္တာ ထဲထည့်၍ ၁နာရီခန့်နှပ်ထားပါ (ကြက်သား ကိုလဲ ဒီအတိုင်း ပြုလုပ်ပါ။)

ငါးဖယ်လုံး၊ ငါးဖယ် ၅ကျပ်သားကို ကြက်သွန်ဖြူ၊ ဂျင်းထောင်းရည်၊ ဆား၊ သကြား၊ ငရုတ်ကောင်း၊ ဂျုံမှုန့် ၄ဇွန်းခွဲ၊ နှမ်းဆီမွှေး၊ကြက်ဥအကာ တို့ဖြင့် ရောနယ်ကာ နှပ်ထားပါ။

အူမကြီးကို အိုးပူပူတွင် ကပ်၍ အချွဲများ ကုန်အောင် လုပ်ပါ။ ဆားနှင့် နယ်ဆေးပါ။ အူချို၊ အသည်း ၊ ဦးနှောက်တို့ကို ရေဆေး၍ အူမ၊ အူချို ကို ဆား ကြက်သွန်ဖြူ၊ ဂျင်း ဓားပြား ရိုက်ထည့်ပြီး နူးအာင် တည်ပါ။

ဦးနှောက်နှင့် အသည်းကို သတ်သတ် ခွဲပြုတ်ပါ။ လှီးထားပါ။ ငုံးဥကိုပြုတ် ပဲပြားတုံး မုန့်ညင်းရွက် ကြက်သွန်မိတ်ကို ရေစင်စင် ဆေး၍ လှီးထားပါ။

ကြက်သွန်ဖြူကို ထောင်း၍ ဆီချက် ချက်ထားပါ။ ဝက်သားလုံး၊ ငါးဖယ်လုံးများကို ရေဆူဆူမှာထည့်ပြုတ်ထားပါ။

ကြေးအိုး – အိုး၁လုံး ထဲသို့ အသား ပြုတ်ရည် ထည့်ပါ။ ဆူလျှင် ကြာဇံ၊ ဝက်သား၊ ကလီဇာများ၊ ငုံးဥ၊ ပဲပြားထည့်ပါ။ အရသာထည့်ပါ။ဆန်ပြား ထည့်ပါ၊ ရေဆူပြီး အရသာ အနေတော် ဖြစ်လျှင် မုန့်ညင်းစိမ်း၊ ကြက်သွန်မိတ်၊ ငရုတ်ကောင်း၊ နှမ်းဆီ မွှေးထည့်ကာ ရပါပြီ။

Credit: ချက်ကြည့်ကြစို့