အီတလီ အစားအစာ (စပါကတီခေါက်ဆွဲ)ကို အိမ်မှာ လွယ်လွယ်ကူကူလေး လုပ်စားလို့ရတဲ့ နည်းလေး တင်ပေးလိုက်ပြီနော်
ပါဝင်ပစ္စည်းများ
- စပါကတီခေါက်ဆွဲခြောက်
- အမဲသား (တောက်တောက်စင်းထားပါ) ကြက်သား/ဝက်သား လဲရပါသည်
- ကြက်သွန်နီဥ – ၂လုံး (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ – ၅မွှာ (ထောင်းထားပါ)
- ခရမ်းချည်သီး – ၅လုံး (ကြိတ်ထားပါ)
- ဆား – အနည်းငယ်
- ဟင်းချိုမှုန့် – အနည်းငယ်
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
- ဆီ – အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
- ခေါက်ဆွဲပြုတ်ရန် ရေနွေး တည်ပါ ။ ရေနွေးပွက်လာလျှင် ခေါက်ဆွဲကို တဝက် ချိုးပြီး ထည့်ပါ ။ ဆား အနည်းငယ်ထည့်ပြီး ခေါက်ဆွဲပျော့လာသည် အထိ ပြုတ်ပေးပါ ။ (အဖုံးမဖုံးရ)
- ဆီဒယ်အိုးထဲသို့ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ လှီးထားသည်များကို ထည့်ပြီး ဆီသတ်ပါ ။ နောက်အသားတောက်တောက်စင်း ထားသည်များကို ရောထည့်ပြီး အသားတွေ နီညိုရောင်သန်းလာသည်ထိ ကြော်ပေးပါ ။
- ခရမ်းချည်သီး ကြိတ်ထားသည်များကို ရေအနည်းငယ်ထည့်ပြီး အနှစ် မပျစ်မကျဲ ရသည်အထိ ကြိုပေးပါ ။ ငရုတ်ကောင်း အနည်းငယ် ထည့်ပြီး ကြိုပါ ။ ခရမ်းချည်သီး အနှစ် ကျက်လာရင် ချလို့ ရပါပြီ ။ (မပျစ်မကျဲလေးပါ)
- ပန်းကန်ပြားထဲမှာ ခေါက်ဆွဲကို အရင်ထည့်ပါ ။ ခရမ်းချည်သီးရည်ကို အပေါ်မှဆမ်းလိုက်ပါ ။ ပြီးရင် အသားချက်ထားတာပါ ဖြူးပါ ။
- အီတလီ အစားအစာ စပါကတီခေါက်ဆွဲကို သုံးဆောင်လို့ ရပါပြီ ။ နောက်ဆုံးတော့ အရသာရှိလှတဲ့ စပါကတီခေါက်ဆွဲကို စားလို့ရပါပြီ။
Credit : ZunPwintHtin