အိပ်ခါနီးအချိန်တွေမှာ ဗိုက်ပြန်ဆာလာလို့ ဘာစားရမှန်းမသိဖြစ်နေတာမျိုးတွေကို မိန်းကလေးတွေ တော်တော်ကြုံတွေ့ရတတ်ပါတယ်။ ယောက်ျားလေးတွေကတော့ ဗိုက်ဆာလာရင်ကြုံသလိုစားလိုက်ပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းနေတဲ့သူတွေကတော့ ညဘက်တွေမှာဗိုက်ဆာတာက အခက်အခဲတစ်ခုလိုပါပဲ။ စားလိုက်တဲ့အရာကြောင့် ကိုယ်အလေးချိန်ကိုတက်လာစေမှာ စိုးရိမ်တာဆိုတော့ ဈေးဝယ်ထွက်တဲ့အခါမှာ ဒီလိုအရာတွေကို ရွေးချယ်ဝယ်ယူပြီး အိမ်မှာထားထားပေးမယ်ဆိုရင် အားလုံးအဆင်ပြေစေမှာပဲဖြစ်ပါတယ်။

Popcorn

ညဘက်တွေမှာဗိုက်ဆာလာရင် Popcorn ကိုစားပေးလို့အဆင်ပြေပါတယ်။ ဆိုလိုချင်တာက သကြားတွေ ထောပတ်တွေပါဝင်နေတဲ့ Popcorn မျိုးမဟုတ်ဘူးနော်။ ဒီတိုင်း အချိုဓာတ်အရမ်းမပါလွန်းတဲ့ Popcorn မျိုးတွေက ညဘက်မှာလည်း စားပေးလို့အဆင်ပြေတယ်နော်။

Strawberry နဲ့ Dark Chocolate

ဝစေမယ်လို့ထင်ထားတဲ့ ချောကလက်ကစားလို့ရတယ်ဆိုလို့ အံ့သြသွားတာလား။ ဟုတ်ပါတယ်။ ချောကလက်ကိုမှ Dark Chocolate မျိုးဆိုရင် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ကယ်လိုရီတွေကို လျော့နည်းစေတာကြောင့် ညဘက်တွေမှာစားပေးလို့ အဆင်ပြေတယ်နော်။

Apple

ပန်းသီးကလည်း ညဘက်တွေဗိုက်ဆာနေတဲ့အချိန်မျိုးဆိုရင် စားပေးလို့အဆင်ပြေစေတဲ့ အရာပါပဲနော်။ ပန်းသီးမှာ ခန္ဓာကိုယ်အတွက် ကောင်းမွန်စေတဲ့ အမျှင်ဓာတ်တွေများစွာပါဝင်နေတာဆိုတော့ တစ်လုံးလောက်စားပေးရင်တောင် အဆင်ပြေပါပြီနော်။

Banana

ငှက်ပျောသီးကိုညဘက်အိပ်ခါနီးအချိန်တွေမှာ စားပေးဖို့သင့်တော်တယ်လို့ဆိုလို့ရပါတယ်နော်။ ငှက်ပျောသီးမှာ အမိုင်နိုအက်စစ်ဓာတ်တွေ ပါဝင်နေတာကြောင့် စားမယ်ဆိုရင်တစ်လုံးလောက်ဆိုရင် အဆင်ပြေပြီပေါ့။

Photo Source: Unsplash