ကြက်ဥကြော်တာများလွယ်ပါတယ်ဆိုပေမယ့် ကြော်တဲ့နည်းလမ်းပေါ်မူတည်ပြီး အရသာ အမျိုးမျိုးပြောင်းတတ်တယ်လေ။ အထူးသဖြင့် ဟင်းမချက်ဖြစ်တဲ့နေ့ တွေမှာ အရသာရှိရှိ သုံးဆောင်နိုင်ရအောင် လူတော်တော်များများသိကြမယ့် အိန္ဒိယစတိုင်ကြက်ဥမွှေကြော်လုပ်နည်းကို တင်ပေးလိုက်ပါတယ်။

အချိန်၅မိနစ်အတွင်း ဟင်းတစ်မျိုးရပြီ။

ပါဝင်ပစ္စည်းများ

ကြက်သွန်နီ – ၁လုံး

ကြက်သွန်ဖြူ – ၅မွှာ (ပါးပါးလှီးပြီး)

ငရုတ်သီးစိမ်း အရှည် – ၂တောင့်

ခရမ်းချဉ်သီး -၂လုံး

နနွင်းမှုန့် - အနည်းငယ်

မုန်ညင်းစေ့ – ဇွန်းတစ်ဝက်

မဆလာ – အနည်းငယ်

ဆား – အနည်းငယ်

ပြုလုပ်နည်း

ဒယ်အိုးထဲတွင် ဆီထည့်ပြီး ဆီပူလာလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်းတို့ကို ထည့်ကာ ကြက်သွန်နီ အရောင်ကြည်လာသည်အထိ မွှေပေးပါ။

ပြီးလျှင် မုန်ညင်းစေ့၊ နနွင်းမှုန့် နှင့် မဆာလာအနည်းငယ်ထည့်ပြီး ၂မိနစ်မှ ၃မိနစ်အထိမွှေပေးပါ။

ခရမ်းချဉ်သီးထပ်ထည့်ပြီး အခွံကွဲလာသည် အထိမွှေပေးပါ။

နောက်ဆုံးတွင် ကြက်ဥဖောက်ထည့်ပြီး ဆားထည့်ကာ ကြက်ဥကျက်လာသည်အထိမွှေပေးပါ။

အဆင်သင့်ဖြစ်လာလျှင် နံနံပင်အုပ်ကာ သုံးဆောင်နိုင်ပါပြီ။

Source: food.com