Ramen (ရမန်) လို့ ခေါ်တဲ့ ဂျပန်ခေါက်ဆွဲပြုတ် လုပ်စားကြမယ်။
ပါဝင်ပစ္စည်းများ
- ဂျုံခေါက်ဆွဲ
- ဝက်သား
- ကြက်သွန်မြိတ်
- ကြက်သွန်ဖြူ
- ဂျင်း
- Ready Made ငါးအသားချောင်း (ဒါမှမဟုတ် ဂဏန်းအသားချောင်း)
- မှို
- မုန်ညင်းပု
- ပဲပင်ပေါက်
- ပဲငံပြာရည် အကြည်
- ဟင်းချက် အရက်ချို (Mirin @ Cooking Sake)
- ဆားအနည်းငယ်
- နှမ်းဆီ
ပြင်ဆင်ပြုလုပ်နည်း
ခေါက်ဆွဲချက်စားတော့မယ်ဆိုရင် အရင်ဦးဆုံး ဝက်သားနှ စ်ဆယ်သားခန့်ကို ဆား တစ်ဇွန်းခန့်နယ်ပြီး တစ်ညလောက် ရေခဲသေတ္တာထဲမှာ ဆားဝင်အောင် နှပ်ထားပါ။
နောက်တစ်နေ့မှ ဝက်သားကို ထုတ် ၊ ပါးပါးလှီးပြီး အိုးထဲမှာ ဝက်သားကိုထည့်၊ ဂျင်းလက်တစ်ဆစ် ၊ ကြက်သွန်ဖြူ သုံးတက် ၊ ကြက်သွန်မြိတ် အနည်းငယ်ကို လှီးပြီးထည့် ပြီးရင် တစ်လီတာခွဲခန့် ထည့်ပြီး မီးပြင်းပြင်းနဲ့ တည်ပေးပါ။ ဆူလာပြီဆိုရင် အပေါ်ယံက ဝက်သားအဆီ အမြုပ်တွေကို ခပ်ထုတ်ပစ်ပါ။ ပြီးရင် မီးမျှင်းမျှင်းလေးနဲ့ တစ်နာရီ ခွဲ လောက် တည်ပေးပါ။
အဲဒီလို တည်ထားတုန်းမှာ ခေါက်ဆွဲကို ပြုတ်ထားရပါမယ်။ မှို၊ မုန်ညှင်းပု ရေနွေးဖျော ထားရပါမယ်။ မုန်ညင်းပုကို ရေနွေးဖျောပြီး ရေထွက်သွားအောင် ရေညှစ်ပစ်ပါ။ ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။ ကြက်ဥ ကြိုက်ရင် ကြက်ဥ ပြုတ်လည်း ထည့်နိုင်ပါတယ်။ ဂဏန်းအသားချောင်း ကိုလည်း ကျက်အောင် လုပ်ထား ရပါမယ်။
ပြီးရင် ဝက်သားကိုဆယ်ပြီး အအေးခံပြီးတာနဲ့ ပါးပါးလေးတွေဖြစ်အောင် လှီးထားပါ။ ခုနက တည်ထားတဲ့ ဝက်သား ပြုတ်ရည် ထဲကို ပဲငံပြာရည် အကြည် လေးဇွန်း၊ ဟင်းချက်အရက်နှစ်ဇွန်း၊ ဆား တစ်ဇွန်း ၊ နှမ်းဆီ တစ်ဇွန်း ထည့်ပြီး မီးမျှင်းမျှင်းနဲ့ တည်ပါ။
ပြီးတာနဲ့ ပန်းကန်ထဲမှာ ခေါက်ဆွဲကိုထည့်၊ အသားပြုတ်ရည်ထည့် အပေါ်ကနေ ဝက်သားပြား၊ ကြက်သွန်မြိတ်၊ မှို၊ အရွက်၊ ပဲပင်ပေါက်၊ ကြက်ဥပြုတ်ကို တင်ပြီး သုံးဆောင်လို့ရပါပြီ။
အချဉ်ကိုတော့ ဂျင်းအချဉ်နဲ့ တွဲဖက်ပြီး စားပါတယ်။ အသားကိုတော့ ကြိုက်နှစ်သက်ရာ အသားနဲ့ လုပ်နိုင်ပါတယ်။
Credit: Sango’s Curries