တောင်းဆိုထားကြတဲ့ ကရင် မုန့်ဟင်းခါး ၊ ကရင် ငပိ နိုင်င်နိုင်လေးနဲ့ပေါ့။ စားချင်လွန်းလို့ လုပ်စားလိုက်တာ ကောင်းမှကောင်း။
ပါဝင်ပစ္စည်းများ
- ငါးရံ့ (သို့မဟုတ်) ငါးခူ
- ဇပလင်
- နနွင်းမုန့် နည်းနည်း
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ဆီ
- ကရင်ငပိ
- မုန့်ဖတ်
- ဇီယာ
- နံနံပင်
- ခရမ်းချဉ်သီး.
- ပဲတီပင်ပေါက်.
- ပဲသီး
ပြုလုပ်နည်း
- အရင်ဦးဆုံး ငါးကို ပြုတ်ရပါတယ် ။ ငါးကတော့ ငါးရံ့ (သို့မဟုတ်) ငါးခူ ကြိုက်နှစ်သက်ရာ ငါးကို အသုံးပြုလို့  ရပါတယ် ။
- ငါးပြုတ်တဲ့ အချိန်မှာ ဇပလင်ကို ထုပြီးထည့် ၊ နနွင်းမုန့် နည်းနည်းထည့် ရောပြီး ငါးနူးအောင် အရင်ပြုတ်ပါ ။
- ငါးနူးရင်တော့ ငါး အသားလေးတွေ နွှာပေါ့နော် ။
- ကြက်သွန်နီကို အလောတော် လှီးပြီး ငါးပြုတ်ရည် ဆူနေတဲ့ အထဲကို ထည့်ပါ ။
- နွှင်ထားတဲ့ ငါးအသားကို ကြေအောင် လုပ်ပြီး ကြက်သွန်ဖြူ ဆီသပ်တဲ့ အထဲကို ငါးအသား ထည့်ပြီး ၊ခဏလောက် ကြော်လိုက်ပေါ့နော် ။
- ငါးအသားလေး ကြက်သွန်ဖြူ ဆီသပ်တဲ့ အနံ့လေး ရပြီး မွေးနေရောပေါ့ရှင် ။ ပြီးရင်တော့ ဆီသပ် ထားတဲ့ ငါး အသားကို ဟင်းရည်ထဲ ထည့်လိုက်ရုံ ပါပဲ ။
- အရမ်း အရေးကြီးတဲ့ တစ်ခုက ကရင်မုန့်ဟင်းခါးမှာ ကရင်ငပိ မပါမဖြစ်မို့ ငပိစိမ်းကို တည်ထားတဲ့ ဟင်းခါးရည် ဆူလေးနဲ့ ပန်းကန်လုံးထဲမှာ ဖျော်လိုက်ပြီး အရည်သက်သက်သာ ယူပြီး ဟင်းခါးရည်ထဲ ထည့်လိုက် ရုံပါပဲ ။
- ငါးအသားမှာ ချိုပြီး ငပိ အနံ့လေးက မွေးနေရောပေါ့နော် ။ အရသာ ကိုတော့ စိတ်ကြိုက် ထည့်ပြီး ကြက်သွန်နူးရင် ဟင်းခါးရည် မွှေးမွေးလေးရပြီ ။
- မုန့်ဟင်းခါးနဲ့ စားဖို့ တို့စရာလေးတွေ ကတော့ ဇီယာ ၊ နံနံပင် ၊ ခရမ်းချဉ်သီး ၊ပဲတီပင်ပေါက် ၊ ပဲသီး ၊ ခရမ်းချဉ်သီး တို့နှင့် စားကြပါသည်။
Credit: Pan Moh Moh Aung