ကရင် ပုဇွန်ငါးပိထောင်း မွှေးမွှေးလေး ပုဇွန်ခြောက်ဖြူး နှင့် တို့စရာထမင်းမြိန်စေတဲ့ ငါးကြော် ၊ သီးစုံပဲဟင်း နှင့်တွဲစား ကောင်းမှကောင်း။ အဓိက ကတော့ ငါးပိထောင်းလေး ပေါ့နော်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ
  • ငရုတ်သီးစိမ်း
  • စပါးလင်
  • ပဒဲကောဥအနု
  • ပုဇွန်ငါးပိ မီးကင်
  • သံပုရာသီး
  • အချိုမှုန့်
  • ကြက်သွန်မြိတ် ၊
  • နံနံပင်
  • ပုဇွန်ခြောက် အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. အရင်ဦးဆုံး ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ စပါးလင် နဲ့ ပဒဲကောဥအနုကို ပါးပါးလှီးပြီး  ရောထောင်းပေးပါ ။
  2. ထောင်းလို့ကြေရင်တော့ ပုဇွန်ငါးပိ မီးကင်လေးကို ရောထောင်းပြီး သံပုရာရည်လေး ညစ်ထည့် အချိုမှုန့်လေး အနည်းငယ်ထည့်ကာ ရောထောင်းပြီး နောက်ဆုံးမှာတော့ ကြက်သွန်မြိတ် ၊ နံနံရွက်လေး ပါးပါးလှီးပြီး မွှေထည့်လိုက်ရုံလေးနဲ့ အရမ်းကောင်းလှတဲ့ ကရင် ငါးပိထောင်းလေး  ရပြီ ။
  3. ပြီးနောက် ပုဇွန်ခြောက် အနည်းငယ်ကို အပေါ်ယံလေး  ဖြူးပြီး စားလို့ရပါပြီ ။
  4. ကြိုက်နှစ်သက်ရာ တို့စရာလေးတွေနဲ့ စားသုံးနိုင်ပြီး ကရင်မလေးအဖို့တော့ ဂွေးရွက်နုလေး ၊ ခရမ်းသီးနုနု ၊ နံနံပင်လေး နဲ့ တို့စားလေ့ရှိတာမို့ လုပ်စားကြည့်ပါ ။

သီးစုံပဲဟင်း ကတော့ အားလုံး ချက်တတ်လိမ့်မယ် လို့ထင်ပါတယ် ။ ငါးကြော်လေးနဲ့ သီးစုံပဲဟင်းလေးနဲ့ ထမင်းမြိန်လှတဲ့ ကရင်ပုဇွန်ငါးပိထောင်း ပုဇွန်ခြောက်ဖြူးလေးပါ ။

Credit: Pan Moh Moh Han