ပါဝင်ပစ္စည်းများ
ငါးသလောက် – ၆၀ သား
ဆနွင်း – ၁ ဇွန်း (လဖက်ရည်ဇွန်း)
ကြက်သွန်ဖြူ – အမွှာကြီး ၂ မွှာ ထောင်း
ဂျင်း – အတက်ကြီး ၃ တက်ကို နာနာထု
စပလင် – ၃ ချောင်း ကိုထု
ဆား – ၂ ဇွန်း
အထက်ပါ ပစ္စည်းအားလုံး (၁ မှ ၆ အထိ) Pressure Cooker ပေါင်းအိုးတွင်ထည့်၊ ရေကို ငါးမြုပ်ရုံသာထည့်၍ ၄၅ မိနစ်ခန့် မီးအေးအေးနဲ့ အရိုးနူးသည်အထိ တည်ထားပါ။ အရိုးနူးလျှင် ကြေအောင် ငါးကိုခြေလိုက်ပါ။
ငါးသလောက် မုန့်ဟင်းခါး
ကြက်သွန်ဖြူ – အမွှာကြီး ၅ လုံးကိုထောင်း
ကြက်သွန်နီ – ၅ လုံး ကို ပါးပါးလှီး
ဂျင်း – ၁ တက် ခန့်ကိုထောင်း
ဆား၊ ဆနွင်း
ငရုတ်သီးမှုန့် – သင့်ရုံ
ခြေထားသည့် ငါး
ဆီ – ၅ိသား
ဆန်မှုန့် – ၅ိသား
ရေ ၂ လီတာ
မျှင်ငပိ – ၂ ဇွန်းသေး
ချက်ပြုတ်ပုံ
အထက်ပါပစ္စည်းအားလုံး (၁ မှ ၆ အထိ) ဟင်းရည်တည်မည့် အိုးထဲတွင် ဆီ ၅ကျပ်သား ထည့်၍ ငါးကိုဆီသပ်ပါ။
ပြီးလျှင် အိုးထဲမှ ကျန်ငါးပြုတ်ရည်၊ ရေ ၂ လီတာ၊ ဆန်မှုန့် ၅ ကျပ်သား (ရေအေးနှင့် ဖျော်ပါ) တို့ကို ပေါင်းထည့်ပြီး ဆူအောင်တည်ပါ။
အခြားအိုးသေးတလုံးထဲတွင် မျှင်ငပိ၂ ဇွန်းနှင့်  ရေကို မီးအေးအေးနဲ့ ဆူအောင်တည်ပါ။
မျှင်ငပိရည် ဆူသည့်အခါ ငါးပြုတ်ရည်အိုးထဲ ပေါင်းထဲ့၍ မီးအေးအေးနှင့် တည်ပြီး ဆူလာလျှင်ငှက်ပျောအူ၊ ကြက်သွန်နီဥသေး၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ခန့်ကို ဖြူးပြီး အဖုံးအုပ်၍ မီးဖိုပေါ်မှချလိုက်ပါ။ အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ။ (ငံပြာရည် လုံးဝ မသုံးရပါ )
ကြက်ဥပြုပ်၊ အကြော်စုံ၊ ပဲသီး၊ ငါးဖယ်ကြော်၊ ငါးသလောက်ဥကြော်၊ ကြက်သွန်ဖြူ/နီဆီချက်၊ ငရုတ်သီးမှုန့်၊ နံနံပင်တို့ကို မုန့်ဖတ်ပေါ်တင်၍ သုံးဆောင်နိုင်ပါသည်။
MyFood Myanmar