ကရင် ပုဇွန်ငါးပိထောင်း မွှေးမွှေးလေး ပုဇွန်ခြောက်ဖြူး နှင့် တို့စရာထမင်းမြိန်စေတဲ့ ငါးကြော် ၊ သီးစုံပဲဟင်း နှင့်တွဲစား ကောင်းမှကောင်း။ အဓိက ကတော့ ငါးပိထောင်းလေး ပေါ့နော်။
ပါဝင်ပစ္စည်းများ
- ကြက်သွန်ဖြူ
- ငရုတ်သီးစိမ်း
- စပါးလင်
- ပဒဲကောဥအနု
- ပုဇွန်ငါးပိ မီးကင်
- သံပုရာသီး
- အချိုမှုန့်
- ကြက်သွန်မြိတ် ၊
- နံနံပင်
- ပုဇွန်ခြောက် အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
- အရင်ဦးဆုံး ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ စပါးလင် နဲ့ ပဒဲကောဥအနုကို ပါးပါးလှီးပြီး ရောထောင်းပေးပါ ။
- ထောင်းလို့ကြေရင်တော့ ပုဇွန်ငါးပိ မီးကင်လေးကို ရောထောင်းပြီး သံပုရာရည်လေး ညစ်ထည့် အချိုမှုန့်လေး အနည်းငယ်ထည့်ကာ ရောထောင်းပြီး နောက်ဆုံးမှာတော့ ကြက်သွန်မြိတ် ၊ နံနံရွက်လေး ပါးပါးလှီးပြီး မွှေထည့်လိုက်ရုံလေးနဲ့ အရမ်းကောင်းလှတဲ့ ကရင် ငါးပိထောင်းလေး ရပြီ ။
- ပြီးနောက် ပုဇွန်ခြောက် အနည်းငယ်ကို အပေါ်ယံလေး ဖြူးပြီး စားလို့ရပါပြီ ။
- ကြိုက်နှစ်သက်ရာ တို့စရာလေးတွေနဲ့ စားသုံးနိုင်ပြီး ကရင်မလေးအဖို့တော့ ဂွေးရွက်နုလေး ၊ ခရမ်းသီးနုနု ၊ နံနံပင်လေး နဲ့ တို့စားလေ့ရှိတာမို့ လုပ်စားကြည့်ပါ ။
သီးစုံပဲဟင်း ကတော့ အားလုံး ချက်တတ်လိမ့်မယ် လို့ထင်ပါတယ် ။ ငါးကြော်လေးနဲ့ သီးစုံပဲဟင်းလေးနဲ့ ထမင်းမြိန်လှတဲ့ ကရင်ပုဇွန်ငါးပိထောင်း ပုဇွန်ခြောက်ဖြူးလေးပါ ။
Credit: Pan Moh Moh Han