အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ချိစ်ကိတ် ကြိုက်နှစ်သက်သူများအတွက် အရသာရှိတဲ့ မီနီချိစ်ကိတ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရင်မ်ချိစ် ၈ အောင်စ
  • ထောပတ် (သို့) အုန်းဆီ ၄ အောင်စ
  • Heavy ခရင်မ် ၄ အောင်စ
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ချောကလက်အကြေအစလေးများ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ခရင်မ်ချိစ်၊ ထောပတ်၊ Heavy ခရင်မ်နှင့် ဗနီလာတို့ထည့်ကာ လျှပ်စစ်မွှေစက်ဖြင့် သမအောင် မွှေပေးလိုက်ပါ။

၂။ တစ်မိနစ်၊ နှစ်မိနစ်ခန့် မွှေပြီးတဲ့နောက်မှာတော့ ခရင်မ်အရောအနှောများကို ရေခဲမုန့်ခပ်သော ဇွန်းအလုံး (သို့) ရိုးရိုးဇွန်းဖြင့် ခပ်ယူပြီးနောက် Mini Cupcake ဖုတ်သော လင်ဗန်းငယ် ပုံစံခွက်ထဲသို့ ထည့်ပါ။ ထို့နောက် ချောကလက်အမှုန်လေးများ ဖြူးထည့်လိုက်ပါ။

ပြီးရင်တော့ ရေခဲသေတ္တာထဲတွင် ၁ နာရီမှ ၂ နာရီခန့်အထိ အအေးခံထားလိုက်ပါ။

၃။ သတ်မှတ်ချိန်ပြည့်ပါက ချိစ်ကိတ်လေးက အေးခဲသွားပြီး တင်းတင်းရင်းရင်းလေးဖြစ်သွားပါပြီ။ ဒါဆိုရင်တော့  အရသာရှိတဲ့ မီနီချိစ်ကိတ်လေးများ ရရှိသွားပါပြီ။

Source: Gimmedelicious.com