အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပီဇာစတိုင်လ် ပြုလုပ်ပြင်ဆင်ထားတဲ့ ချိစ်အရသာ ကြက်သားကြော် ပြုလုပ်နည်းကို ဝေမျှပေးသွားမှာပါ။

ပါဝင်ပစ္စည်းများ

  • ငရုတ်သီးမှုန့် ပန်းကန်လုံး ၄ ပုံ ၁ ပုံစာ (၆၀ ဂရမ်)နှင့် ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း

  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)နှင့် နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ရင်အုံသား (သို့) ကြက်ပေါင်သား ၄၅၀ ဂရမ် (အနေတော် အတုံး လှီးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ကိုရီးယားဆန်မှုန့် (Rice Cakes) ၃ အောင်စ
  • ချိစ် ၈ အောင်စ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးကြီး တစ်လုံးထဲတွင် ငရုတ်သီးမှုန့်၊ ငရုတ်သီးအနှစ်၊ ပဲငံပြာရည်၊ ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ငရုတ်ကောင်းမှုန့်၊ သကြား၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ သမအောင် မွှေထားလိုက်ပါ။

ထို့နောက် ကြက်သားထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ကာ Rice Cakes များထည့်ပြီး ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ဆန်မှုန့်များ ရွှေညိုရောင်ပြောင်းသွားပါက ပန်းကန်လုံးထဲသို့ ပြောင်းထည့်ထားပါ။

၃။ ကြက်သားထည့်ပြီးနောက် ဆားနှင့် ရေ ၆၀ မီလီလီတာတို့ထည့်ကာ အဖုံးအုပ်ထားလိုက်ပါ။ ၇ မိနစ်ခန့် ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။ မကြာခဏ မွှေပေးဖို့လည်း လိုအပ်ပါတယ်။

၄။ အချိန်ပြည့်ပါက ဆန်မှုန့်ကြော်ထည့်ပြီး အိုးအဖုံး အုပ်ထားကာ နောက်ထပ် ၅ မိနစ်ခန့် တည်ထားလိုက်ပါ။

၅။ ကြက်သား ကျက်အောင် စောင့်နေတဲ့အချိန်မှာ Oven ထဲက Broiler ကို ကြိုတင်အပူပေးထားလိုက်ပါ။ ကြက်သား ကျက်သွားတဲ့အချိန်မှာတော့ ကြက်သားပေါ်သို့ ချိစ်များ ဖြူးထည့်ပေးလိုက်ပါ။ ထို့နောက် Oven ထဲသို့ ထည့်ကာ ၃ မိနစ်ခန့် စောင့်ပါ။ ချိစ်များ အရည်ပျော်သွားတဲ့အခါမှာတော့ Oven ထဲက ထုတ်လိုက်ပါ။

၆။ Oven ထဲက ထုတ်ပြီးတဲ့အခါမှာတော့ နောက်ထပ် ၅ မိနစ်ခန့် အအေးခံထားလိုက်ပါ။

ဒါဆိုရင်တော့ ချိစ်အရသာကဲထားတဲ့ ကြက်သားကြော်လေး ရရှိသွားပါပြီ။ သူ့ချည်းပဲ စားလို့လည်း ရသလို ထမင်းနဲ့အတူတူ တွဲဖက်စားသုံးနိုင်ပါသေးတယ်။

Source: Omnivorescookbook.com