ပါဝင်ပစ္စည်းများ

  • ထမင်းကြမ်း
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ကြက်သွန်မြိတ်
  • ကင်ချီ
  • မုန်လာဥနီ
  • ပန်းငရုပ်ပွ (အနီ + အဝါ)
  • ငရုပ်သီး အစိမ်း
  • ဇူချီနီ
  • မှိုဖြူ
  • ခရုဆီ
  • နှမ်းဆီ
  • ဟင်းချက်ဆီ
  • ငရုပ်ကောင်းမှုန့်
  • ကြက်ဥ   တစ်လုံး

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဆုံး ပါဝင်ပစ္စည်းများ ဖြစ်ကြသည့် ကြက်သွန်နီ ၊ ကြက်သွန်မြိတ် ၊ မုန်လာဥနီ ၊ ပန်းငရုပ်ပွ ၊ ဇူချီနီ(ပုံဖြင့်ပြထားပါသည်) ၊ မှိုဖြူ တို့ကို သင့်တော်သလို အဆင်သင့် လှီးထားပါ ။
  2. အမဲသားကို အတုံး အသေးလေးတွေ ဖြစ်အောင် လှီးထားပါ ။
  3. ကြက်သွန်ဖြူ ကို ဓားပြား ရိုက်ပြီး နုပ်နုပ် စဉ်းထားပါ ။
  4. ဒယ်အိုးထဲသို့ ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းခန့် ထည့်ပြီး နုပ်နုပ် စဉ်းထားသည့် ကြက်သွန်ဖြူ ကို ထည့်ပါ ။
  5. အသင့်လှီး ထားသည့် ကြက်သွန်နီကိုပါ ထည့်ပြီး ရောမွှေပါ ။   အနံ့မွှေး လာပါက အသင့် တုံးထားသော အမဲသားကို ထည့်ပါ ။
  6. အမဲသား အရောင်ပြောင်း သွားပါက မုန်လာဥနီ ၊  ဇူကီနီ တို့ကို ထည့်ပါ ။  ကင်ချီကိုပါ အနည်းငယ် ဓားဖြ င့် နုပ်နုပ် စဉ်းပြီး ထည့်ပါ ။   ထို့နောက် ပန်းငရုပ်ပွကို ထည့်ပါ ။  အစပ် အရသာ ကြိုက်နှစ်သက် ပါက ငရုပ်သီးအစိမ်းတောင့်ကို လှီးထည့်ပါ ။ (မကြိုက်ပါကထည့်ရန်မလိုပါဘူး) နောက်ဆုံးတွင် မှိုဖြူ ထည့်၍ မွှေပေးပါ ။
  7. အသီးအနှံများ အနည်းငယ် ကျက်သွားပါက ထမင်းကြမ်း တစ်ပန်းကန်စာ ထည့်ပြီး ရောမွှေပါ ။  (ထမင်းကြမ်းဖြင့် ထမင်းကြော် ကြော်လျှင် အကောင်းဆုံြး ဖစ်ပါသည်။)
  8. ပြီးနောက် ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ထည့်ပါ ။   နှမ်းဆီ အနည်းငယ် ဆမ်းပြီး သမအောင်မွှေ၍ ငရုပ်ကောင်းမှုန့် အနည်းငယ်ဖြူးကာ နှစ်ချက် သုံးချက်ခန့် မွှေကာ ပန်းကန်ပြား ထဲသို့ ထည့်ပါ ။
  9. ကြက်ဥ တစ်လုံးကို ကြော်၍ ထမင်းကြော်ပေါ်တွ င်အုပ်ကာ အသင့် စားသုံးနိုင်ပါသည် ။

Credit: ဇွဲသုသု