ပြင်ဆင်ရမည့် ပစ္စည်းများ

ကြက်ဥ၊ ရေညှိထမင်းလိပ်သုံး ရေညှိ၊ အူအောင်း (Burdock) ဟု ခေါ်သည့် အမြစ်တစ်မျိုးအား ပြုတ်ပြီး ပဲငံပြာရည်အစရှိသည်ဖြင့် နှပ်ထားသည့် အူအောင်းဂျိုရင်းမ် ၊ ဂဏန်းသားချောင်း ၊ အချိုဖောက်ထားသည့် မုန်လာဥဖြူ (ဒန်းမူဂျီ) ၊ ထမင်း ၊ ဆားအနည်းငယ် (ဇွန်းအသေး ½) နှင့် သကြား ဇွန်းသေး ½ နှင့် ရှာလကာရည် ဇွန်းသေး ½ ၊ နှမ်းဆီမွှေး ဇွန်းသေး ½

Source: bodygeek.ro

အရင်ဦးဆုံး အသားပြားကို ပုံတွင်ပြထားသည့်အတိုင်း အရွယ်အစား ညီညာစွာ လှီပေးပါ

Source: Kimchimari

အူအောင်း (Burdock) ဟု ခေါ်သည့် အမြစ်တစ်မျိုးအား ပြုတ်ပြီး ပဲငံပြာရည်အစရှိသည်ဖြင့် နှပ်ထားသည့် အူအောင်းဂျိုရင်းမ်ကို ထုတ်ပြီး အသားပြားလှီးသည့် အရွယ်အစားအတိုင်း ညီညာစွာ လှီးပါ။

Source: The Asian Slice

မုန်လာဥဖြူ အချို (ဒန်းမူဂျီ) ကိုလည်း အသားပြားလှီးသကဲ့သို့ သင့်တော်မည့် အရွယ်အစားခန့် ညီညာစွာ လှီးပြီး အသင့်ပြင်ထားပေးပါ။

အသင့်ပြင်ထားသည့် ဂဏန်းသားအချောင်းများနှင့် အသားပြားချောင်းများကို ဒယ်အိုးပြားပေါ်တွင် အသာလေး ကင်ပေးပါ။

Source: korea in my kitchen

ကြက်ဥကို မွှေခလောက်ပြီးနောက် ဒယ်အိုးပြားပေါ်တွင် ကင်ပေးပါ။

Source: cookingonions.com

ထမင်းအား အရမ်း မပျော့မပြဲပဲ ဆန်လုံးပုံစံမပြတ် တောင့်တောင့်အိအိလေး ချက်ထားပြီးနောက် ဆားအနည်းငယ် ဇွန်းအသေး ½ ၊ သကြား ဇွန်းအသေး ½ ၊ ရှာလကာရည် ဇွန်းအသေး ½ ၊ နှမ်းဆီမွှေး ဇွန်းအသေး ½ ထည့်ပြီး နှံ့အောင် ရောမွှေပေးပါ။

Source: Healthy Home Cooking – WordPress.com

ရေညှိပြား (ဂင်မ်)ကို ခင်းပြီး ထမင်းကို ရေညှိပြားပေါ်ဖြန့်တင်ပြီးအနည်းငယ် ဖိပေးပြီးနောက် အသင့်ပြင်ထားသည့် ကြက်ဥ၊ အသားပြား၊ အူအောင်း ၊ မုန်လာဥအချို(ဒန်းမူဂျီ)၊ ဂဏန်းသားချောင်းများကို တင်ပေးပြီးနောက် အလိပ်လိပ်ပေးပါ။

လိပ်ပြီးသွားသော ကင်မ်ဘပ်(ရေညှိထမင်းလိပ်)တွင် နှမ်းဆီမွှေးအနည်းငယ် သုတ်ပေးပါ။

Source: Northwest Workshop

စားလို့ကောင်းမည့် အရွယ်အစားခန့်မှန်း၍ လှီးပေးပြီးပါက Kimbab (ကိုရီးယား ရေညှိ ထမင်းလိပ်) ပြုလုပ်ခြင်း ပြီးဆုံးသွားပြီ ဖြစ်ပါသည်။