Korean Potatoe Salad (ကိုရီးယားအာလူးထောင်း) ပြုလုပ်ပုံလေးပြောပြမယ်။   ကိုရီးယား အာလူးထောင်းပြု လုပ်ရတာအရမ်းလွယ်ကူပါတယ် ။ အရသာ အဟာရ ပြည့်ဝလှပါတယ် ။   ကလေးငယ်တွေ အတွက် အထူးသင့်လျှော်ပြီး ။  လူကြီးများလည်း အစာပြေ စားလို့ ရပါတယ် ။

ပါဝင်ပစ္စည်းများ

  • အာလူး – အခွံနွှာပြီး အဝိုင်းလိုက်လှီးပါ ။ (အာလူးများကို အကွင်းလိုက် လှီးက မြန်မြန်နူးပြီး အကျက်ညီပါတယ်။)
  • ကြက်ဥ – ၃ လုံး ( ပြုတ်ပြီးအခွံနွှာထားပါ။)
  • သခွားသီး (နုပ်နုပ်လေးတွေလှီးထားပါ)
  • မုန်လာဥနီ (နုပ်နုပ်လေးတွေလှီးထားပါ)
  • ပျားရည် – အနည်းငယ်
  • ငရုပ်ကောင်းအဖြူ မှုန့် – အနည်းငယ်
  • ဆား – အနည်းငယ်
  • မရောနိစ် (Mayonnaise)

ပြုလုပ်နည်း

ပထမဦးစွာ အာလူးများကို အခွံနွှာပြီး ရေစင်အောင်ဆေး ၊ အဝိုင်းလိုက် လှီးပြီး ရေကို မြုပ်ရုံ ထည့်ပြီး ၊ ဆား အနည်းငယ် ထည့်၍ ပြုတ်ပါ ။ (အာလူးများကို အကွင်းလိုက်လှီးက မြန်မြန်နူးပြီး အကျက်ညီပါတယ်)

ကြက်ဥသုံးလုံးခန့်ကိုပါ တစ်ခြားအိုးဖြင့် ကျက်အောင်ပြုတ်ပြီး အခွံနွှာ ထားပါ ။ အာလူးထောင်းထဲ ကာလာထည့်ရန် သခွားသီးနှင့် မုန်လာဥနီ အနည်းငယ်ခန့်ကို နုပ်နုပ်လေးတွေလှီးပြီး ဆား အနည်းငယ် ထည့်ပြီး နယ်ထားပါ ။

အာလူးများကို ရေခမ်းသည်ထိ မီးကိုချပြီး ဖြေးဖြေးချင်း ပြုတ်ပါ ။ ရည်များ မသွန်ပစ် ရပါ ။ ရေခမ်းသွားပါက အအေးခံပြီး ညက်နေအောင် ဖိချေပြီး ထောင်းပါ ။

ပျားရည် အနည်းငယ် ထည့်ပါ ။ မရောနိစ် (Mayonnaise) ကို အာလူးထောင်း တစ်ဝက်ခန့် ထည့်ပါ ။ ကြက်ဥပြုတ်ကို အနှစ်များ ထုတ်ပြီး အကာများကို နုပ်နုပ်စဉ်းပြီး ထည့်ပါ ။

ကြက်ဥသုံးလုံးမှ အနှစ် ၂လုံးအား အတူရောပြီး ထည့်ထောင်းလို့ရပါတယ် ။ (အနှစ်တစ်လုံးအား ကော်ဖီစစ်သည့် ဇကာဖြင့် အသာဖိတိုက်ပြီး ကျလာသည့် အမှုန့်များကို ပန်းကန် တစ်ခုထဲ ထည့်ထားပါ) အာလူးထောင်း အပေါ်တွင် ဖြူးရန် အတွက် ဖြစ်ပါတယ် ။

ထို့နောက် ငရုပ်ကောင်းအဖြူမှုန့် အနည်းငယ်ဖြူးပြီး အားလုံးနှံ့နေအောင် ရောထောင်းကာ ပုံတွင် ပြထားသည့် အတိုင်း ပြင်၍ အပေါ်တွင် ဇကာဖြင့် တိုက်ထားသည့် ကြက်ဥ အနှစ် အမှုန့်လေးတွေ ဖြူးပြီး အရသာရှိစွာ သုံးဆောင်နိုင် ပါသည် ။

Credit : ဇွဲသုသု