ကိုရီးယားကားတွေထဲမှာ အသားတွေကိုပေါင်းပြီးစားကြတာကို မြင်ရင် စားချင်စရာကြီးပါနော်။ မြင်သာမြင်ရ  မကြင်ရဆိုတဲ့စကားအတိုင်း မဖြစ်ရအောင် အခုပဲချက်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား – ၁ ကီလို
  • ကြက်သွန်နီ – ၁ လုံး
  • ဂျပန်ကြက်သွန်မြိတ် – အနည်းငယ်
  • ငရုပ်သီးစိမ်း – ၂ တောင့်
  • ဂျင်း – ၃၀ ဂရမ်
  • ငရုပ်ကောင်းအစေ့ –  (လဖက်ရည်ဇွန်း တစ်ဝက်)
  • ကြက်သွန်ဖြူ – (စားပွဲတင်ဇွန်း ၁ ဇွန်း)
  • ဆန်ဝိုင်(ဆန်အရက်ပေါ့) – စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကိုရီးယားပဲအနှစ် –  (စားပွဲတင်ဇွန်း ၂ ဇွန်း)
  • ရေ – (အနည်းငယ်)

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဆုံး ပုံတွင်ပြထားသည့် ဝက်သားလိုမျိုး ဝက်ဗိုက်သားကို ရေစင်အောင်ဆေးပြီး အိုးထဲထည့်၊ ကြက်သွန်နီ ဥကြီး တစ်လုံးကို   လေးစိတ်ခွဲထည့်၊ ဂျပန် ကြက်သွန်မြိတ်ကို  အဆင်ပြေသလို လှီးထည့် (ဒါတွေက အနံ့အတွက်ပဲ ယူတာပါ။ စားလို့ မရပါဘူး။ ဝက်သား တစ်ခုပဲ ဆယ်ပြီး စားမှာ) ဂျင်း နှင့်  ကြက်သွန်ဖြူ ကိုပါ ဓားပြားရိုက်ပြီးထည့် ၊ ငရုပ်ကောင်းအစေ့ ၊ ကိုရီးယား ပဲအနှစ်(ပုံတွင်ပြထားပါသည် ။) ထည့်ပြီး ဆန်ဝိုင်(ဆန်အရက်) ထည့်ပါ။ ထို့နောက် အိုးထဲသို့ ရေထည့်ပြီး မီးတစ်ဝက် (မီးအေးအေးဖြင့်) အိုးအဖုံး ပိတ်ပြီး ၁ နာရီခွဲခန့်ပေါင်းပါ။ အိုးက ရိုးရိုးအိုးဆိုလဲ ရပါတယ် ပေါင်းအိုး မလိုပါဘူး။
  2. ကိုရီးယား ဝက်သားပေါင်းမှာ အရောင်နှစ်မျိုး ရှိပါတယ်။ အဖြူရောင်နှင့် အညိုရောင် အညိုရောင် ကြိုက်ရင် ပေါင်းတဲ့ အထဲ ပဲငံပြာရည် အနောက် အနည်းငယ် ထည့်လိုက်ပါ။ ဒီထဲမှာတော့ ကိုရီးယား ပဲအနှစ်က ရယ်ရီမိတ်ဗူး စီးတီးမက်မှာ ရောင်းပါတယ်။ ဂျပန် ကြက်သွန်မြိတ်ဆိုတာ ကတော့ မြန်မာ ကြက်သွန်မြိတ် ထက် အလုံး ပိုကြီးပါတယ်။
  3. 3. ၁ နာရီခွဲ ကြာလို့ ဝက်သားနူးရင် ဆယ်ယူပြီး ၂ မိနစ် ၊ ၃ မိနစ်လောက် အအေးခံပြီး  ဒယ်အိုးပြား တစ်ခုကို အပူပေးပြီး ဝက်သား မျက်နှာပြင် ဟိုဘက် ဒီဘက်ကို ဒယ်အိုးဖြင့် ထိပေးပါ ။  (ဆီလုံးဝမထည့်ပါနဲ့) အနံ့မွှေးပြီး အသားမျက်နှာပြင် ရဲရဲလေးဖြစ်အောင် ကင်ပေးတာဖြစ်ပါတယ် ။  ထို့နောက် ပုံတွင် ပြထားသည့် အတိုင်း ညီညာစွာ လှီးပြီး ဆလက်ရွက် ၊ ကင်ချီ တို့ဖြင့် ရောလိပ်ပြီး စားသုံးနိုင်ပါသည် ။  သူ့ရဲ့ပဲဆော့လေးဖြင့် တို့စားရင်လည်း အလွန်ကောင်းပါသည်။

ပဲဆော့လုပ်နည်း

1. ကိုရီးယားပဲအနှစ်ဆော့ သုံးဆ(သုံးဇွန်း) ၊ ကိုရီးယား ငရုပ်သီးဆော့ တစ်ဆ(တစ်ဇွန်း) ကိုရောမွှေပါ။ ပြောင်းဖူးရည် (ငါးဇွန်းထည့်) ၊ သကြား တစ်ဇွန်း ထည့် ၊ ငရုပ်သီးစိမ်း အတောင့်ရှည် ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ အနည်းငယ်စီ ရောထည့်ပြီး ကြိတ်စက်ဖြင့် ကြိတ်ပါ။ ဆော့ထဲ ထည့်ပြီး ရောမွှေ ရပါသည် ။ (ကိုရီးယားငရုပ်သီးဆော့ + ပြောင်းဖူးရည်) ဗူးအသေးလေးတွေ ရောင်းပါတယ်။ မေးပြီး ဝယ်ကြည့် ကြပါ။

Credit: ZTT