သံပရာအုန်းနို့ထမင်းက အအီကြောက်သူများနှင့် အုန်းနို့စားလျှင် သွေးတက်တတ်သူများ အတွက် အဆင်ပြေပြေ စားသုံးနိုင်သော ထမင်းလေးပါ။ သံပရာနံ့ သင်းသင်းလေးနှင့် ချက်ထားသောထမင်းကို ကြိုက်နှစ်သက်ရာ ဟင်းဖြင့် စားသုံးနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆန် – ၃ ဘူး
- သံပရာသီး – ၂ လုံး (ထက်ခြမ်းခြမ်းထားပါ)
- အုန်းနို့ – ၂ ဘူး (အသင့်စားဘူး)
- ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- သကြားညို – စားပွဲဇွန်း ၁ ဇွန်း
- ရေ – ၂ ခွက်ခွဲ (ဟင်းချက်ရန်တိုင်းသောခွက်)
- သံပရာခွံ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ချက်ပြုတ်နည်း
- ထမင်းပေါင်းအိုးထဲ ဆေးပြီးသား ဆန်နှင့် ပါဝင်ပစ္စည်းများ အားလုံး ထည့်ပြီး တည်ပါ။
- ထမင်းကျက်လျှင် ထမင်းထဲမှ သံပရာခြမ်းကို ယူပြီး ထမင်းပေါ် ဖျန်းပေးပါ။
- ကြက်သားဆီပြန်၊ ဆိတ်သားဆီပြန် စသည့် ဟင်းပွဲများနှင့် လိုသလို သုံးစွဲနိုင်ပါတယ်။