ခဝဲသီးကို ကြာဇံလေးနဲ့ ဟင်းချိုချက်သောက်ရင် ဘယ်လိုကောင်းမှန်းကိုမသိဘူးနော်။ ဒီတစ်ခါမှာလည်း ခဝဲသီးကို ချိုချိုလေးဖြစ်အောင် ပုဇွန်လေးထည့်ချက်ကြည့်ရအောင်။
ပါဝင်ပစ္စည်းများ
- ခဝဲသီး (အခွံ ဇောင်းလေးများ ခြစ်ထားပါ)
- ပုဇွန် အနည်းငယ်
- ဆား အနည်းငယ်
- နနွင်း အနည်းငယ်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ခရမ်းချဉ်သီး
- ငံပြာရည် – အနည်းငယ်
- နံနံပင် အနည်းငယ်
- နံနံပင် အမြစ်
ပြုလုပ်နည်း
- ပုဇွန်ကို ဆား၊ နနွင်း နယ်ထားပါ။ အိုးထဲတွင် ပုဇွန်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ နံနံပင်အမြစ်၊ ဆီတို့ကို သေသေချချာ လုံး၍တည်ပါ။
- လုံးထားတာများ အိလာပြီဆိုမှ ရေနွေး ထည့်ပါ။ ရေဆူလာလျင် ငံပြာရည် အနည်းငယ် ထည့်ပြီး ခဝဲသီးကို နှစ်သက်သလို လှီးထည့်ပါ။
- ခဝဲသီးကို မနူးခင် မီးဖိုမီးကို ပိတ်လိုက်ပါ။ သူ့အငွေ့ နှင့်သူ ကျက်သွားပါမည်။ အရသာ အပေါ့အငံမြည်း၍ နံနံပင်အုပ်ပြီး ပူပူလေး စားလို့ ရပါပြီ။
- ခဝဲသီး ချိုချို ၊ လတ်ဆပ်တဲ့ ပုဇွန် ချိုချိုလေးဆိုတော့ အချိုမှုန့်မလိုပဲ ချက်၍ လွယ်ကူပြီး အရသာရှိတဲ့ ဟင်းလေး တစ်ခွက်ပါ။
MyFood Myanmar